News

POST TYPE

ALSO IN NEWS

ဩစတြီးယားကဆိတ်ကြီး ကမ္ဘာ့ဦးချို အကြီးဆုံးဆိတ်အဖြစ် မှတ်တမ်းဝင်
11-Feb-2017

ဩစတြီးယားနိုင်ငံက ဆိတ်ကြီးဟာ ကမ္ဘာပေါ်မှာ ဦးချိုအရှည်လျား ပြန့်အကားဆုံး ဆိတ်ကြီးအဖြစ် မှတ်တမ်း ဝင်ထားတယ်လို့ UPI သတင်းက ဆိုထားပါတယ်။

အသက် ၈ နှစ်အရွယ်ရှိတဲ့ အဆိုပါ ဆိတ်ကြီးဟာ လည်ပင်းနက် ဝေါလီဆာ ဆိတ်အမျိုးအစား ဖြစ်ပါတယ်။

ရက်စ်ပြူတင်လို့ နာမည်ပေးထားတဲ့ ဒီဆိတ်ကြီးရဲ့ ဦးချိုအလျားဟာ ၅၃ ဒသမ၂၃ လက်မ ရှိပါတယ်။

သူဟာ ကမ္ဘာ့ဦးချို အရှည်လျားဆုံး သက်ရှိဆိတ်ဆိုတဲ့ ခေါင်းစဉ်နဲ့ မှတ်တမ်း ဝင်ထားတာဖြစ်ပါသတဲ့။

ဆိတ်ကြီးမစ္စတာ ရက်စ်ပြူတင်ဟာ ပိုင်ရှင်မိသားစုနဲ့အတူ နေထိုင်ပါတယ်။

ငါးနှစ်သား အရွယ်ထဲက ချိုက သိသာလာတာမို့ နှစ်စဉ် ပုံမှန်တိုင်း ထားခဲ့တယ်လို့ ပိုင်ရှင်က ဆိုပါတယ်။                

F-02

  • VIA