News

POST TYPE

ALSO IN NEWS

အိမ်သာခွက်ထဲ အကောင် ၂၀ ကျော်ရှိတဲ့ မြွေပွေးအသိုက်တွေ့
04-Feb-2017

အမေရိကန် မြွေပွေးမျိုးနွယ်ဝင် ဖြစ်တဲ့ ခလောက်မြွေတစ်ကောင်ကို အိမ်သာအိုးထဲမှာ တွေ့ရှိခဲ့ရာကနေ ကြောက်စရာ မြွေင်္သိုက်ကြီး တွေ့ရှိမှု အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်မှာ ဖြစ်ပွားခဲ့ပါတယ်။

အဘယ်လိုင်းဒေသ နေအိမ်တစ်လုံးမှာ လူငယ်လေးတစ်ယောက်က အိမ်သာအိုးထဲက အဲဒီအဆိပ်ပြင်း မြွေတွေကို တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီအချိန်မှ မြွေဖယ်ရှားရေးအဖွဲ့ တစ်ဖွဲ့ ရောက်လာခဲ့ပြီး ရှင်းလင်းရာမှ မြွေ ၂၄ ကောင်ရှိတဲ့ အသိုက်ကို တွေ့ရှိရတာ ဖြစ်ပါတယ်။

အိုက်စက်မက်ဖာဒန်လို့ အမည်ရတဲ့ ကောင်လေးက “အသံတစ်သံ ကြားရပြီးတော့ ဒါဟာ ခလောက်မြွေမှန်း ကျွန်တော် သိလိုက်ပါတယ်” လို့ ဆိုပါတယ်။

ကောင်လေးရဲ့ဖခင်က မြွေရှင်းလင်းရေးအဖွဲ့ တစ်ဖွဲ့ကို တယ်လီဖုန်းဆက်ပြီး အကူအညီတောင်းခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်မှာ မြွေဖမ်းသမားတွေ ရောက်လာပြီး ဆက်လက်ရှင်းလင်းကြရာမှာ အဆိပ်ပြင်းမြွေ ၂၄ ကောင်ရှိနေတဲ့ အသိုက်ကို တွေ့ရှိရတာပါ။     

F-02