News

POST TYPE

ALSO IN NEWS

Spotify ဂီတ ဝန်ဆောင်မှုလုပ်ငန်းမှာ အလုပ်ရလိုတဲ့ အိုဘားမား
12-Jan-2017 tagged as အိုဘားမား

အင်တာနက် အခြေပြု တေးဂီတ နားဆင်တဲ့ အင်တာနက်စာမျက်နှာ Spotify ဟာ အောင်မြင်ကျော်ကြားလာတဲ့ ဂီတလုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ အိမ်ဖြူတော်က ထွက်ခွာလာပြီးတဲ့အခါ အဲဒီကုမ္ပဏီမှာ အလုပ်လိုချင်ပါတယ်လို့ အိုဘားမားက အရွှန်းဖောက် ပြောဆိုခဲ့ပါတယ်။ ဂီတဖျော်ဖြေရေး ထုတ်လွှင့်မှု ဝန်ဆောင်မှုပေးတဲ့ အဲဒီလုပ်ငန်းကလည်း အိုဘားမားကို အလုပ်ခန့်ပေးချင်ပုံပါပဲ။ ဝန်ထမ်းအလိုရှိသည် ဆိုတဲ့ နေရာမှာ President of Playlists ဆိုတဲ့ ရာထူးတစ်နေရာ တင်ထားပါတယ်။ အနည်းဆုံး နိုင်ငံကြီးတစ်ခုမှာ တိုင်းပြည်ခေါင်းဆောင်လုပ်တဲ့ အတွေ့အကြုံ ရှစ်နှစ်ရှိဖို့ လိုပါတယ်လို့ အရည်အချင်းမှာ ထည့်ရေးထားတာဟာ အိုဘားမားရဲ့ ဟာသလုပ်ပြောဆိုမှုကို တုံ့ပြန်ထားတာ ဖြစ်ပါသတဲ့။ ခင်မင်တတ်၊ နွေးထွေးတတ်တဲ့သူနဲ့ ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ရထားတဲ့သူကို ဦးစားပေးမယ်လို့လည်း ရေးထားပါတယ်။

Spotify ရဲ့ စီအီးအို ဒန်နီယယ်အက်ခ်က “Spotify မှာ အလုပ်လုပ်ဖို့အတွက် ခင်ဗျား စိတ်ဝင်စားတယ်လို့ ကြားပါတယ်။ ဒါကို တွေ့ပြီးသွားပြီလား” ဆိုပြီး အဲဒီရာထူးနေရာ ခေါ်ဆိုမှု ကြော်ငြာကို ပြန်တင်ထားခဲ့ပါတယ်။ အိုဘားမားကို နာမည်တပ် ရေးမထားပေမယ့် အိုဘားမားကို ရည်ရွယ်ပြောတာ သိသာတာလေးတွေ ထည့်ထားပေးပါတယ်။

F-02