News

POST TYPE

ALSO IN NEWS

လေယာဉ်ပေါ် မြွေပါလာလို့ အာရပ်လေကြောင်းလိုင်း ခရီးစဉ်ဖျက်သိမ်း
10-Jan-2017 tagged as လေယာဉ်

အိုမန်နိုင်ငံကနေ ဒူဘိုင်းကို ပျံသန်းမယ့် လေကြောင်းခရီးစဉ် တစ်ခုပေါ်မှာ မြွေတစ်ကောင် ပါလာတာကို ၀န်ထမ်းတွေက တွေ့ရှိခဲ့ပြီး ခရီးစဉ်ကို ဖျက်သိမ်းခဲ့ရပါတယ်။ လေယာဉ် ခရီးစဉ်အမှတ် EK0863 ဟာ မက်စ်ကတ်မြို့မှာ ရပ်ဆိုင်းထားပြီး ကုန်ပစ္စည်းတွေ ထားတဲ့အခန်းထဲမှာ မြွေကြီးကို တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။ ခရီးသည်တွေ လေယာဉ်ပေါ်ကို မတက်ခင်မှာ အဲဒီမြွေကို တွေ့ခဲ့တာ ဖြစ်တယ်လို့ လေကြောင်းလိုင်းပြောခွင့်ရ အရာရှိ တစ်ဦးက ဒူဘိုင်းအခြေစိုက် မီဒီယာ တစ်ခုကို ပြောကြားခဲ့ပါတယ်။ မြွေ အမျိုးအစားကိုတော့ Emirates လေကြောင်းလိုင်းက ထုတ်ပြန်မထားပါဘူး။ လေယာဉ် ပြန်လည် မထွက်ခွာမီ ရှာဖွေရေးတွေ ပြုလုပ်ရင်းနဲ့ မြွေကို တွေ့ရှိတာ ဖြစ်ပါတယ်။ လေယာဉ်ပေါ်မှာ မြွေတွေ ပါလာတဲ့ Snakes on a Plane ဆိုတဲ့ဇာတ်ကား ထွက်ရှိခဲ့ဖူးပြီးတော့ အခုဖြစ်ရပ်ကိုလည်း ဒီကိစ္စနဲ့ ခိုင်းနှိုင်းပြီး ပြောဆိုနေကြတာတွေ ရှိပါတယ်။ အခုလို လေယာဉ်ပေါ်မှာ မြွေပါလာတဲ့ဖြစ်စဉ်ဟာ Emirates လေကြောင်းလိုင်းအတွက်တော့ ပထမဆုံးပဲဖြစ်ပါတယ်။

F-02