News

POST TYPE

ALSO IN NEWS

ဆန်တာကလော့စ် တကယ်မရှိဘူးလို့ ပြောခဲ့တဲ့ အီတလီ သံစုံတီးဝိုင်း ဒါရိုက်တာ အထုတ်ခံရ
31-Dec-2016 tagged as

ဖျော်ဖြေပွဲတစ်ခုအပြီးမှာ အီတလီ သံစုံတီးဝိုင်း ဒါရိုက်တာတစ်ဦးက ဆန်တာကလော့စ် ဆိုတာ တကယ်မရှိဘဲ ဒဏ္ဍာရီဇာတ်ကောင် ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

သူ့အပြောကြောင့် ကလေးအတော်များများဟာ မျက်ရည်နဲ့မျက်ခွက်ဖြစ်ပြီး ကျန်ခဲ့ရပါတယ်။ ဒစ္စနေးရဲ့ Frozen တေးသီချင်းတွေကို  ဖျော်ဖြေတဲ့သံစုံတီးဝိုင်း တင်ဆက်ပွဲအပြီးမှာကလေးတွေက စင်အနီးမှာ ၀ိုင်းနေပါတယ်။
ဒါရိုက်တာ ဂီရာကိုမိုလိုပရီရန်နိုက စင်ပေါ်က ဆင်းခါနီး ဆန်တာကလော့စ် တကယ်မရှိဘူးလို့ ကလေးတွေကို ပြောခဲ့ တာ ဖြစ်ပါတယ်။

အဲဒီဒါရိုက်တာ နေရာမှာ နောက်ထပ်တစ်ဦးကို လူလဲပြီး ဖျော်ဖြေစေခဲ့တာ ဖြစ်ပါတယ်။  ပွဲပရိသတ်တွေက ပြန်ခါနီး တန်းစီထွက်ရမှာစိုးလို့ စောစောထွက်နေတာကိုပြန်ပြီးတုံ့ပြန်တဲ့ သဘော ခုလိုပြောလိုက်တာ ဖြစ်ပါသတဲ့။

Ref : UPI

F-02

  • TAGS