POST TYPE

ALSO IN NEWS

ယာဉ်တိုက်ခံရချင်ယောင်ဆောင်ကာ လျော်ကြေးတောင်းနေပုံ ဗီဒီယို တရုတ်တွင် လူကြည့်များ
29-Dec-2016 tagged as

ကားလမ်းမပေါ်မှာ မတော်တဆ ဖြစ်ပြီး တိုက်မိပါတယ်ဆိုပြီး ညာပြီး ငွေညှစ်ကြတာမျိုးက တရုတ်နိုင်ငံမှာလည်း ရှိပါတယ်။ 

ဒါပေမဲ့ ဒီဇင်ဘာလ ၂၄ ရက်နေ့က ဖြစ်ခဲ့တဲ့ ဖြစ်စဉ်မှာတော့ လိမ်ဖို့ ကြိုးစားတဲ့ အမျိုးသမီးဟာ မပီပြင်ခဲ့ဘဲ ပါးနပ်တဲ့ ယာဉ်မောင်းကြောင့် သူလိမ်တာ ပေါ်သွားခဲ့ပါတယ်။ 

ဒါ့အပြင် မော်တော်ယာဉ်က ကင်မရာမှာလည်း ဗီဒီယို မှတ်တမ်း ပါသွားခဲ့ပြီး အင်တာနက်ပေါ်မှာ အဆိုပါ ဗီဒီယိုဟာ လူကြည့်များလျက် ရှိပါတယ်။ 

တရုတ်နိုင်ငံ အလယ်ပိုင်း ဟီနန်ပြည်နယ် နန်ယန်းမြို့တော်မှာ သက်လက်ပိုင်း အမျိုသမီး တစ်ဦးက လမ်းကို ဖြတ်ကူးလာပြီး ကားတစ်စီး ရှေ့မှာ အတိုက်ခံခဲ့ပါတယ်။ 

ဒါမျိုး ဖြစ်ရပ်မျိုးက တရုတ်မှာ တွေ့ရခဲတဲ့ ဖြစ်စဉ်တော့ မဟုတ်ပါဘူး။ အဲဒီလို ငွေညှစ်သူတွေဟာ ခပ်နှေးနှေး သွားနေတဲ့ကားတွေကို ပစ်မှတ်အဖြစ် ထားခဲ့တာဖြစ်ပြီး ကားရှေ့ ရောက်လာကာ အတိုက်ခံကြတဲ့ပုံစံ လုပ်ကြတာပါ။ ပြီးတော့ လျော်ကြေး တောင်းတော့တာပါပဲ။ 

ဒါပေမဲ့ လုပ်စားတဲ့ အန်တီကြီး ကားရှေ့နားကို မရောက်ခင်မှာ သတိကြီးတဲ့ ယာဉ်မောင်းက ယာဉ်ကို အောင်မြင်စွာ ရပ်လိုက်နိုင်ခဲ့ပါတယ်။ 

အဲဒီအခါ ကားရှေ့ ပြေးဝင်လာသူ အန်တီကြီးလည်း ဘာလုပ်ရမှန်း မသိတော့ဘဲ ကားကို သူကပဲ ဝင်တိုက်လိုက်ပြီး လဲပြလိုက်ရပါတယ်။ 

“အညံ့ဆုံး သရုပ်ဆောင်မှု”ဖြစ်တယ်လို့ တရုတ် လူမှုကွန်ရက် မီဒီယာ အသုံးပြုသူ တစ်ဦးက ရေးသားထားပါတယ်။

F-02


  • TAGS