News

POST TYPE

ALSO IN NEWS

ပရဟိတ ရန်ပုံငွေ ဘဲရေကူးပြိုင်ပွဲ ဘဲရုပ်တွေနဲ့ ဆင်နွှဲ
28-Dec-2016 tagged as

မြင်းလောင်းတဲ့ ကိစ္စကိုတော့ အားလုံးက ကြားဖူးကြမှာပါ။ ခုတစ်ခါကတော့ ဘဲလောင်းတဲ့ ကိစ္စဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံက ရွာလေးတစ်ရွာမှာ ရိုးရာ အစဉ်အလာအတိုင်း နှစ်စဉ် နှစ်တိုင်း ပြုလုပ် ကျင်းပနေကျ ဘဲလောင်းပွဲ ပြုလုပ်ခဲ့ပါသတဲ့။

အဲဒီ ဘဲရေကူးပြိုင်ပွဲမှာ တကယ့် ဘဲအစစ်များနဲ့ မပြုလုပ်နိုင်ဘဲ ဘဲအတု အရုပ်တွေနဲ့သာ ပြုလုပ်ခဲ့ရတာ ဖြစ်ပါတယ်။မြစ်ရေထဲ မျှောချလိုက်တဲ့ ဘဲရုပ် ၁၅ဝ ထဲက နှစ်သက်ရာကို လောင်းနိုင်ပြီး ဆုငွေ ရရှိမှာ ဖြစ်ပါတယ်။ အနိုင်ရရှိသူ အနေနဲ့ ဒေသခံ ပရဟိတအဖွဲ့တွေကို နှစ်သက်ရာ လှူဒါန်းနိုင်မယ့် အခွင့်အရေး ဖြစ်ပါသတဲ့။

ပွဲကနေ ရရှိတဲ့ ရန်ပုံငွေကို ဒေသ ပရဟိတ အဖွဲ့တွေကို လှူဒန်းမှာ ဖြစ်ပြီး ဘဲလောင်းတာ နိုင်တဲ့သူက နှစ်သက်သလို လှူနိုင်မှာလည်း ဖြစ်ပါသတဲ့။ ရာဘာဘဲရုပ်အဝါလေးတွေ မျှောချပြီးတော့ လုပ်တဲ့ ပြိုင်ပွဲလည်း ဆက်လက် ပြုလုပ်ခဲ့ပါသေးတယ်။

F-02

  • TAGS