POST TYPE

ALSO IN NEWS

ကမ္ဘာ့အမြင့်ဆုံး ခရစ္စမတ်အပင် ပုံစံအဖြစ် သီရိလင်္ကာက စံချိန်ချိုး
26-Dec-2016 tagged as ခရစ္စမတ်

တည်ဆောက်ရာမှာ မပြီးသေးဘဲ ယခင် မျှော်မှန်းထားတာထက် အနည်းငယ် တိုသွားခဲ့ပေမယ့် သီရိလင်္ကာရှိ အလှဆင် ခရစ္စမတ်အပင်ကြီးက ကမ္ဘာ့အမြင့်ဆုံးအဖြစ် မှတ်တမ်း တင်နိုင်ခဲ့ပါတယ်။ တကယ့်အပင် အစစ် မဟုတ်တဲ့ ၇၃ မီတာမြင့်တဲ့ သစ်ပင်ကြီးဟာ အရင် စံချိန်ထက် ၁၈ မီတာ ပိုရှည်ခဲ့တာ ဖြစ်ပါသတဲ့။ ဒီအပင်ကြီးကို စတီးလ်တွေ၊ ဝါယာတွေနဲ့ အောက်ခံထားတာ ဖြစ်ပြီး ပလတ်စတစ် ပိုက်ကွန် အစိမ်းတွေ၊ တကယ့် ထင်းရှူးခက်တွေနဲ့ အလှ ဆင်ထားတာ ဖြစ်ပါတယ်။

အနီရောင်၊ ရွှေရောင်၊ အစိမ်းရောင်နဲ့ ငွေရောင်တွေ သုတ်လိမ်းထားတဲ့ LED မီးသီးပေါင်း ခြောက်သောင်းကျော်နဲ့ အလှ ဆင်ထားပါသေးတယ်။ ၆ ပေပတ်လည်လောက်ရှိတဲ့ ကြယ်ဖြူကြီး တစ်လုံးကိုလည်း ထိပ်မှာ ချိတ်ဆွဲထားပါသေးတယ်။

ဒီသစ်ပင်ကြီးကို တည်ဆောက်ရာမှာ အမေရိကန် ဒေါ်လာ ရှစ်သောင်းလောက် သုံးခဲ့ရပြီးတော့ ပိုက်ဆံဖြုန်းတာ ဖြစ်တယ်လို့ ကက်သလစ် ကျောင်းတော်က ဝေဖန် ထားပါတယ်။ ရန်ပုံငွေတွေကို ဆင်းရဲနွမ်းပါးသူများကို လှူလိုက်ဖို့ ကောင်းတယ်လို့လည်း သူတို့က ဆိုပါတယ်။ ရာပေါင်း များစွာရှိတဲ့ ဆိပ်ကမ်း လုပ်သားတွေ၊ စေတနာ့ ဝန်ထမ်းတွေက လေးလကြာအောင် အချိန်ယူ ပြင်ဆင်ခဲ့ရတာပါ။ သီရိလင်္ကာမှာ ခရစ်ယာန် ကက်သလစ် ဘာသာဝင် ၁ ဒသမ ၅ သန်း ရှိပါတယ်။

F-02