News

POST TYPE

ALSO IN NEWS

ခြောက်ပေကျော် ရှည်တဲ့ ငရှဥ့်တစ်ကောင် တရုတ် ငါးဖမ်းသမား တစ်ဦး ဖမ်းမိ
26-Dec-2016 tagged as

ငါးဖမ်းသမားတွေဟာ ဧရာမငါးတွေကို မိကြပြီဆိုရင် မှတ်တမ်း တင်ထားတတ်ကြပါတယ်။ တရုတ်က ငါးဖမ်းသမား တစ်ဦးကတော့ ဧရာမငါးရှဥ့်ကြီး တစ်ကောင် ဖမ်းမိတာမို့ မှတ်တမ်းတင် ဖော်ပြထားတာ အင်တာနက်မှာ လူကြည့်များနေပါတယ်။

ရှန်ဒေါင်ပြည်နယ်မှာ ဖမ်းဆီးရမိတဲ့ အဲဒီ ငါးရှဥ့်ကြီးဟာ ခြောက်ပေခွဲလောက်ကို ရှည်တာ ဖြစ်ပါတယ်။ ဂုဏ်ယူစွာနဲ့ ငါးရှဥ့်ကြီးကို ကိုင်ထားတဲ့ အမျိုးသားရဲ့ ဓာတ်ပုံကို တရုတ်လူမှုကွန်ရက်တွေမှာ တက်နေပါတယ်။ ရွှံ့အိုင် ငါးရှဥ့်လို့ခေါ်တဲ့ ငါးရှဥ့်မျိုးဟာ အာရှမျိုးစိတ် ဖြစ်ပြီးတော့ ဆန်ငါးရှဥ့်လို့လည်း ခေါ်ကြပါတယ်။ သူတို့ဟာ သာမန်အားဖြင့် သုံးပေကျော်လောက်ပဲ ရှည်လျားတဲ့ အကောင်တွေ ဖြစ်ပါတယ်။

F-02

  • VIA
  • TAGS