POST TYPE

ALSO IN NEWS

သြစတြေးလျမှာ ဆန်တာကလော့စ် ဝတ်စုံနဲ့ လူ ၁၅ဝ လေထီးခုန်ပြီး စံချိန်တင်
25-Dec-2016 tagged as

ခရစ္စမတ် ကာလမှာ ဆန်တာကလော့စ်ကို ဖော်ညွှန်းတဲ့ လှုပ်ရှားမှုတွေ၊ အခမ်းအနားတွေ ပြုလုပ်ကြလေ့ ရှိပါတယ်။ ဒီနှစ် သြစတြေးလျမှာ ပြုလုပ်တဲ့ ပွဲကတော့ ဂရင်းနစ် စံချိန်တောင် ချိုးသွားခဲ့တာ ဖြစ်ပါတယ်။ ဒါကတော့ ဆန်တာကလော့စ် ၁၅ဝ ဦး လေထီး ခုန်ချခဲ့တာ ဖြစ်ပါတယ်။

ကင်ဆာ ဝေဒနာသည် ကလေး သူငယ်တွေအတွက် ရန်ပုံငွေ ရှာပေးတဲ့ ပရဟိတ လှုပ်ရှားမှု တစ်ရပ် အနေနဲ့ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုကို ပြုလုပ်ရင်း အလှူငွေ အမေရိကန် ဒေါ်လာ ၅ဝဝဝ အထိ ရှာဖွေနိုင်ခဲ့ကြပါတယ်။

“ဂရင်းနစ်စံချိန်ကို ချိုးတဲ့ ဒီလို အထူး အခမ်းအနားမှာ ပါဝင်ခွင့် ရတဲ့အတွက် ကျွန်မတို့ နှစ်သက် ကျေနပ်မိပါတယ်။ အားလုံး ပြုံးပျော်ခဲ့ရပါတယ်”လို့ ကလေး ကင်ဆာ ဝေဒနာသည်များအတွက် လှုပ်ရှားနေတဲ့ Camp Quality အဖွဲ့က မန်နေဂျာ ဆိုနီယာ ကမ်မရွန်က ဆိုပါတယ်။ ပြီးခဲ့တဲ့ နှစ်ကလည်း ဒီအဖွဲ့အစည်းဟာ ဆန်တာကလော့စ် ဝတ်စုံနဲ့ လူ ၃၂ဝ လောက် စုစည်းပြီးတော့ ကမ္ဘာ့စံချိန် ချိုးခဲ့ကြပါသေးတယ်။  

F-02

  • TAGS