News

POST TYPE

ALSO IN NEWS

လေထိုးလိင်အရုပ်မ ခရစ္စမတ် လက်ဆောင်ရတဲ့ ချီလီဝန်ကြီးကိစ္စ
21-Dec-2016 tagged as

ချီလီနိုင်ငံက ထင်ရှားတဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီး တစ်ဦးက စီးပွားရေးဝန်ကြီးကို လက်ဆောင်ပေးတဲ့ လေထိုးလိင် အရုပ်မကြီးပုံက ပြူးတူးပြဲတဲနဲ့ မီဒီယာတွေပေါ်ကို ရောက်လာခဲ့ပါတယ်။ လူမှုကွန်ရက် မီဒီယာပေါ်မှာ ဒီကိစ္စကို ဝေဖန်ထိုးနှက်နေကြပြီး သမ္မတ မီရှဲလ်ဘက်ချလက် ကိုယ်တိုင်က ဒါမဖြစ်သင့်ပါဘူးလို့ ပြောထားပါတယ်။ ပို့ကုန် တင်ပို့သူများ အသင်းက နှစ်စဉ် ညစာစားပွဲတိုင်း VIPs ပုဂ္ဂိုလ်တွေကို ဟာသ လက်ဆောင်တွေ ပေးလေ့ ရှိပါတယ်။ စီးပွားရေးကို ဆွပေးရာမှာ သုံးဖို့ဆိုပြီး ဝန်ကြီး လူးဝစ်စ်ကက်စ်ပီဒက်စ်ကို ပေးတဲ့လက်ဆောင်နဲ့ ပတ်သက်ပြီး ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။

ပြုံးနေတဲ့ဝန်ကြီးဟာ လူခန္ဓာကိုယ်လောက် အရွယ်ရှိတဲ့ အဲဒီ လေထိုးရုပ်ကို ကိုင်ထားတဲ့ပုံ ဖြစ်ပါတယ်။ ဝန်ကြီးနဲ့အတူ အခြားဝန်ကြီးတွေလည်းပါပြီး သူတို့လည်း သူတို့ရတဲ့ လက်ဆောင် ကိုယ်စီကို ကိုင်ထားကြပါတယ်။ ဝန်ကြီး တစ်ဦးဆိုရင် ဒေါ်နယ်ထရမ့် ဆံပင်ပုံစံ ခေါင်းစွပ်ဆံတုကို ရရှိထားတာ ဖြစ်ပါတယ်။

“အမျိုးသမီးတွေကို လေးစားဖို့က ကျွန်မရဲ့အစိုးရမူဝါဒ ဖြစ်ပါတယ်။ ပို့ကုန် အသင်း ညစာ စားပွဲက ကိစ္စက သည်းခံနိုင်စရာ မဟုတ်ပါဘူး”လို့ Twitter မှာ ချီလီသမ္မတ မစ္စစ်မီရှဲလ်ဘတ်ချလက်က ရေးသားထားပါတယ်။

သမ္မတသက်တမ်း နှစ်ခုကို တာဝန် ထမ်းဆောင်နေတဲ့ မီရှဲလ်ဟာ ကုလသမဂ္ဂ အမျိုးသမီးများအရေး အစီအစဉ်ရဲ့ အကြီးအကဲလည်း ဖြစ်ဖူးပါတယ်။

F-02

  • TAGS