News

POST TYPE

ALSO IN NEWS

ဝေလနယ်ရဲ့ သိုးကောင်ရေဟာ လူဦးရေထက် သုံးဆများပြား
20-Dec-2016 tagged as

ဝေလနိုင်ငံဟာ လူဦးရေ နည်းတဲ့နိုင်ငံ တစ်နိုင်ငံ ဖြစ်ပါတယ်။ နောက်ဆုံးရတဲ့ ကိန်းဂဏန်းတွေအရ ဝေလမှာ သိုးကောင်ရေဟာ လူဦးရေရဲ့ သုံးဆ ဖြစ်နေပါပြီတဲ့။ ပြီးခဲ့တဲ့ ခုနစ်နှစ် အတွင်းမှာပဲ သိုးကောင်ရေ ၂ သန်းလောက် ထပ်တိုးလာခဲ့တယ်လို့ စိုက်ပျိုးရေး ဌာနက သတင်း ထုတ်ပြန်ထားပါတယ်။

ဝေလမှာ ပြည်သူ သုံးသန်းကျော်ရှိပြီး သိုးကတော့ ၉ ဒသမ ၈၁ သန်း ရှိပါတယ်တဲ့။ ဝေလနိုင်ငံရဲ့ သိုးကောင်ရေဟာ ၁၉၉ဝ ကာလတွေက ၁၂ သန်းအထိ ရောက်သွားခဲ့ဖူးပါတယ်။

သိုးကောင်ရေ များပြားလာတာမို့ ဝေလနိုင်ငံရဲ့ ထုတ်လုပ်ရေး ကဏ္ဍအတွက် အောင်မြင်မှု ရှိလာတာလို့ ဆိုနိုင်တယ်လို့ အသား ထုတ်လုပ်ရေး လုပ်ငန်းရဲ့ သတင်း ထုတ်ပြန်ရေးမှ ဂျွန်ရစ်ချက်စ်က ပြောကြားထားပါတယ်။

“ဝေလနိုင်ငံရဲ့ သိုးသား ထုတ်လုပ်ရေး လုပ်ငန်းအတွက်တော့ စိန်ခေါ်မှုတွေ ရှိနေဆဲ ဖြစ်ပါတယ်”လို့ မစ္စတာရစ်ချက်က ဆိုပါတယ်။

ထုတ်လုပ်သူတွေ ဈေးကောင်းရဖို့ အရေးကြီးတယ်လို့လည်း သူက ဆိုပါသေးတယ်။ ဝေလနိုင်ငံရဲ့ မြေမျက်နှာသွင်ပြင်ဟာ သိုးတွေ ကျက်စားတဲ့ စားကျက်မြေတွေ အလွန်များလို့ အဆင်ပြေပါတယ်။

F-02

  • TAGS