News

POST TYPE

ALSO IN NEWS

IS ခေါင်းဆောင်တွေ အိပ်ရင်တောင် အသေခံအင်္ကျီ မချွတ်
21-Nov-2016
အမေရိကန်စစ်တပ်က ကျောထောက်နောက်ခံ ပြုထားပေးတဲ့ အီရတ်စစ်တပ်က ISIS ခံတပ်မြို့ မိုဆူးလ်ကို တိုက်ခိုက်သိမ်းပိုက်ဖို့ စစ်ဆင်ရေးကြီး စနေပါတယ်။ ဒီအခါ ISIS ခေါင်းဆောင်တွေဟာ အလွန်ကို စိုးရိမ်နေကြပြီလို့ မိုဆူးလ်မြို့ထဲကရတဲ့ သတင်းတွေအရ အီရတ်စစ်တပ်က ဖော်ပြပါတယ်။ IS ခေါင်းဆောင်ဟာ မြေအောက်ပုန်းခိုကျင်းထဲက မထွက်ဘဲ ဗုံးတွေတပ်ဆင်ထားတဲ့ အသေခံအင်္ကျီကို ညအိပ်ရင်တောင် မချွတ်တဲ့အကြောင်း၊ ခေါင်းဆောင် အဘူဘေကာအယ်ဘဂ္ဂဒါဒီဟာ မိမိကိုယ်ကိုယ် မထိန်းနိုင်တော့ပါလို့ အတွင်းသတင်းတွေက ဖော်ပြကြောင်း Reuters သတင်းဌာနမှ ဗုဒ္ဓဟူးနေ့က ရေးသားထားပါတယ်။ မိုဆူးလ်မြို့ အရှေ့ပိုင်းကို အီရတ်စစ်တပ်များက အတွင်းကျကျ ထိုးဖောက်လာပြီ ဖြစ်ကာ အမေရိကန် ဦးဆောင်တဲ့ အပြည်ပြည်ဆိုင်ရာ လေကြောင်းညွန့်ပေါင်းအဖွဲ့က စစ်ကူပေးပါတယ်။

ဒါပေမဲ့ IS ရဲ့ ကြံ့ကြံ့ခံ ခံစစ်နဲ့လည်း ကြုံနေရပါတယ်လို့ အီရတ်စစ်ဗိုလ်ချုပ်ကြီး ဆာမီအယ်အရီဒီက ပြောကြားခဲ့ပါတယ်။

Ref: Reuters