News

POST TYPE

ALSO IN NEWS

ဂန္ဒီရဲ့မွေးနေ့အဖြစ် ပေတစ်ထောင်ရှည်တဲ့ ပို့စ်ကတ် အိန္ဒိယကျောင်းသားများ ဖန်တီး
30-Sep-2019

အိန္ဒိယနိုင်ငံ ဖီရိုဇာဘက်ဒေသက ကျောင်းသား ၆၀ ဟာ တိုင်းပြည်ရဲ့ ဖခင်ကြီးမွေးနေ့မှာ ဂုဏ်ပြုပြီးတော့ ပေတစ်ထောင်ရှည်တဲ့မွေးနေ့ ဂုဏ်ပြုကတ်ပြားကို ဖန်တီးခဲ့ပါတယ်။ သူတို့ဟာ ၁၀ ရက်ကြာ ပုံဆွဲခဲ့ကြပြီး အဆိုပါကတ်ကို ဖန်တီးကြတာပါ။ အိန္ဒိယမှာအရှည်ဆုံးလို့ သူတို့ကဆိုပါတယ်။ မွေးနေ့ပို့စ်ကတ်ပြားကြီးရဲ့ ဒစ်ဂျစ်တယ်ဗားရှင်းကိုတော့ ဝန်ကြီးချုပ် နာရန်ဒြာမိုဒီဆီကို ရောက်အောင်ပို့မှာပါတဲ့။ အကျင့်ပျက်ခြစားခြင်း၊ ညစ်ညမ်းခြင်းကင်းတဲ့ ညီညွတ်သောအိန္ဒိယဖြစ်ဖို့ ရည်သန်ပြီး ယခုလိုဖန်တီးကြတာလို့ ကျောင်းသားများက ဆိုပါတယ်။ တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်မှု အမြင့်ဆုံးရောက်စေပြီး နိုင်ငံအများမှာ ထိပ်တန်းကရပ်တည်နိုင်ပြီး မျှော်လင့်ချက်ပြည့်ဝတဲ့ ထက်သန်သော ဒီမိုကရေစီကို ဂန္ဒီကြီးပြခဲ့တဲ့လမ်းကြောင်းအတိုင်း သွားစေချင်ပါတယ်”လို့ ကျောင်းသားများက ဆိုပါတယ်။ မွေးနေ့ဆုတောင်းပို့စ်ကတ်ကို မဟတ္တမဂန္ဒီအရုပ်နားက ပန်းခြံမှာပြထားမယ်လို့ အစီအစဉ်ကို ဦးဆောင်သူ ပရာဗင်အဂါဝယ်က ပြောကြားပါတယ်။

F-02