News

POST TYPE

ALSO IN NEWS

နှစ်ပေါင်းတစ်ထောင် သက်တမ်းရှိမည့် ငွေဒင်္ဂါး ဒေါ်လာခြောက်သောင်းဖိုးလောက် ရှာတွေ့တဲ့ အင်္ဂလန်သား
29-Sep-2019

ဗြိတိန်နိုင်ငံ အင်္ဂလန်က သတ္တုရှာစက်နဲ့လျှောက်ပြီး ရှာဖွေရတာကြိုက်တဲ့ အမျိုးသားတစ်ဦးဟာ နှစ်ပေါင်းတစ်ထောင်လောက် သက်တမ်းရှိနေတဲ့ ငွေဒင်္ဂါးများကို ဒေါ်လာ ၆ သောင်းဖိုးလောက် တွေ့ရှိသွားပါသတဲ့။ အသက် ၅၀ အရွယ် ဒွန်ခရော်လီဟာ ဆက်ဖော့ခ်နယ်သားဖြစ်ပြီး ရှေးဟောင်းငွေဒင်္ဂါး ၉၉ ပြားကို ရရှိလိုက်တာဖြစ်ပါတယ်။ ပဲနိပြားများ၊ ပဲနိဝက်ပြားများကို လယ်တောတစ်ခုမှာ သတ္တုခြေရာခံစက်နဲ့ ဟိုရှာဒီရှာလုပ်ရင်း တွေ့ရှိသွားတာဖြစ်ပါတယ်။ မစ္စတာခရော်လီဟာ အဆိုပါငွေဒင်္ဂါးတွေကို လေလံကုမ္ပဏီတစ်ခုကို ပို့ဆောင်ထားပြီး ရောင်းချမှာဖြစ်ပါတယ်။ လယ်ကွင်းထဲမှာ သတ္တုရှာစက်နဲ့ လမ်းလျှောက်နေရင်းနဲ့ စက်မှာတစ်ခုခုတွေ့တာကို ဖော်ပြလာပြီးနောက်မှာ ရှေးဟောင်းငွေဒင်္ဂါး ၉၃ ပြားကိုရတာဖြစ်ပါသတဲ့။ AD 900 လောက်က ဗြိတိန်ကိုအုပ်စိုးခဲ့တဲ့ ဘုရင်ကြီး ဒုတိယမြောက် အီသယ်ရက်ဒ်လက်ထက်က ငွေဒင်္ဂါးတွေလို့ ယူဆထားကြ ပါတယ်။ 

F-02