News

POST TYPE

ALSO IN NEWS

အင်ဒိုနီးရှားတွင် အရွယ်မရောက်သေးသူကို လက်ထပ်ပေးခြင်းအား ဥပဒေဖြင့် ပိတ်ပင်လိုက်ပြီ
26-Sep-2019

အရင်တုန်းက အင်ဒိုမှာ ဘယ်အရွယ်မဆို မိန်းကလေးတွေကို လက်ထပ်ခွင့်အတွက် ဘာသာရေးနဲ့ ဒေသအာဏာပိုင်တွေက ခွင့်ပြုခဲ့ကြပါတယ်။ အင်ဒိုနီးရှား ပါလီမန်ဟာ တရားဝင် လက်ထပ်လို့ရတဲ့ အသက်အရွယ်ကို အနည်းဆုံး ၁၉ နှစ်အထိ ထားဖို့ လုံးဝ သဘောတူညီလိုက်ပါတယ်။ ကျား၊ မတန်းတူ ညီမျှရေးကို မြှင့်တင်ဖို့နဲ့ ကလေးသူငယ် လက်ထပ်ပေးမှုကို ဆက်ရှိနေစေတဲ့ ဥပဒေရဲ့ ဟာကွက်တွေကိုဖာဖို့အတွက် ဆယ်စုနှစ်များစွာ တောင်းဆိုခဲ့ရပြီးမှ ယခုလို ပြောင်းလဲလာတာဖြစ်ပါတယ်။ “လက်ရှိ လက်ထပ်ထိမ်းမြားမှု ဥပဒေဟာ ၄၅ မိနစ်ကြာပြီးနောက် နောက်ဆုံးမှာတော့ အင်ဒိုနီးရှားကလေးငယ်များကို လက်ဆောင်ပေးနိုင်ခဲ့ပါပြီ”လို့ အမျိုးသမီးများ အားပေးမြှင့်တင်ခြင်းနဲ့ ကလေးသူငယ် ကာကွယ်ရေးဆိုင်ရာ ဝန်ကြီး ယိုဟာနာယမ်ဘီဆီက ပြောကြားပါတယ်။ ကမ္ဘာပေါ်မှာ ၁၄ ရာခိုင်နှုန်းသော မိန်းကလေးတွေဟာ အသက် ၁၈ နှစ်မပြည့်ခင် အိမ်ထောင်ကျနေကြရပြီး ၁၅ နှစ်မတိုင်ခင်က ၃ သန်းကျော် ရှိပါတယ်လို့ ကုလသမဂ္ဂကလေးများဆိုင်ရာ ရန်ပုံငွေအဖွဲ့ UNICEF က ဆိုထားပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာပေါ်မှာ ကလေးသတို့သမီး အများဆုံး အဆင့် ၈ မှာ ရှိတဲ့နိုင်ငံဖြစ်ပါတယ်။

F-02