News

POST TYPE

ALSO IN NEWS

ဆေးရုံတက်နေတဲ့ ကလေးအတွက် ဘယ်လိုအိပ်ရာခင်းတွေ ထုတ်ပေးထားသလဲ
25-Sep-2019

ကီဗင်ဂတ်လင်ဟာ ကလေးဘဝတုန်းက ဆေးရုံတက်ရစဉ် ပျင်းစရာကောင်းလှတဲ့ ဆေးရုံနေ့ရက်တွေကို ကျော်လွှားရတာ တအားကိုခက်ခဲခဲ့ပါတယ်။ ဒါကြောင့် သူ့သားသမီးတွေ အဲဒီလိုမဖြစ်ရလေအောင် အဖြေတစ်ခု ရှာခဲ့ပါတယ်။ ဒါကတော့ ဆေးရုံပေါ်မှာသုံးတဲ့ အိပ်ရာခင်းတွေပါပဲ။ အိပ်ရာခင်းတွေပေါ်မှာ နာမည်ကျော် ဘုတ်ဂိမ်းကစားနည်းတွေကို ထည့်ရိုက်ထားတာပါ။ ကလေးများအနေနဲ့ အပျင်းလည်းပြေ၊ ဉာဏ်လည်းပွား၊ ဝေဒနာကိုလည်း မေ့လျော့တာပေါ့။ အမေရိကန်ပြည်ထောင်စု မြောက်ကယ်ရိုလိုင်းနားပြည်နယ်သား စွန့်ဦးတီထွင်သူဟာ သူ့မိတ်ဆွေရဲ့ကလေး ဆေးရုံတက်ရတော့ သွားကြည့်စဉ်မှာ ယခုလိုမျိုးအကြံရခဲ့တာပါတဲ့။ ကလေးတွေဟာ တစ်ရောင်တည်းဖြစ်နေတဲ့ အိပ်ရာပေါ်မှာ ပျင်းပြီးနေနေရတာကို သနားလို့ ကစားနည်းပေါင်းစုံပါတဲ့အိပ်ရာခင်းတွေကို ဖန်တီးဖြစ်တာပါတဲ့။ ကစားနည်းတွေဟာ အပျင်းပြေသက်သက်မဟုတ်ဘဲ ပညာရစရာလည်းဖြစ်အောင်လို့ ဆရာ၊ ဆရာမများစွာရဲ့ အကူအညီနဲ့ ဖန်တီးထားတာဖြစ်ပါသတဲ့။

F-02