News

POST TYPE

ALSO IN NEWS

လင်းနို့လူသား အနှစ် ၈၀ ပြည့်သည့် အထိမ်းအမှတ်အဖြစ် လင်းနို့ အမှတ်အသားများ ကမ္ဘာ့နေရာများမှာ ပြသ
25-Sep-2019

DC Comic ရဲ့ ကာတွန်းဇာတ်ကောင် လင်းနို့လူသား ဘရု(စ်)ဝိန်းကို သိကြမှာပေါ့။ အဆိုပါ ကာတွန်းပေါ်ပေါက်တာ အနှစ် ၈၀ ပြည့်ပါပြီတဲ့။ ဂိုသမ်မြို့က သူရဲကောင်းကြီးပေါ်တာ အနှစ် ၈၀ ပြည့်တဲ့ အထိမ်းအမှတ်အဖြစ်နဲ့ တစ်ကမ္ဘာလုံးက ပရိသတ်တွေဟာ အမျိုးမျိုးကျင်းပကြပါတယ်။ မိုးမျှော်တိုက်ကြီးတွေမှာ လင်းနို့အထိမ်းအမှတ် သင်္ကေတမီးဆလိုက်တွေ ထိုးပြတာလည်း ပါဝင်လေရဲ့။ မဲဘုန်းမြို့ကနေ စလိုက်တာ၊ တိုကျို၊ ဘာလင်၊ ရောမ၊ ပဲရစ်၊ လန်ဒန်၊ မွန်ထရီယယ်၊ ဆော်ပိုလိုနဲ့ ဂျိုဟန်နာ့စ်ဘာ့ဂ်စတဲ့ မြို့အတော်များများမှာ လင်းနို့သင်္ကေတတွေ ပြနေကြပါတယ်။ သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်တဲ့ ဘရု(စ်)ဝိန်းဟာ ညဘက်ဆိုရင် လင်းနို့လူသားအသွင်နဲ့ထွက်ပြီး ရာဇဝတ်သားတွေကို လိုက်လံနှိမ်နင်းတာပါ။ သူ့ရဲ့ပြိုင်ဘက် ဂျိုကာဆိုတဲ့ ဇာတ်ကောင်ကိုလည်း ပရိသတ်က နှစ်ခြိုက်ကြတာမို့ အော်စကာဆုရတဲ့ ဆူပါဗီလိန်ဖြစ်ခဲ့ပါတယ်။

F-02