News

POST TYPE

ALSO IN NEWS

ပိုလန်က ကမ္ဘာ့အရပ်အပုဆုံး မြင်းတဲ့
24-Sep-2019

ဂရင်းနစ်စံချိန်အသစ်တွေ များစွာပေါ်ထွက်လာတဲ့အထဲမှာ ပိုလန်က မြင်းလေးတစ်ကောင်ဟာ အရပ်အပုဆုံးအဖြစ် စံချိန်တင်သွားခဲ့ပါတယ်။ ဘွန်ဘယ်လို့ အမည်ရတဲ့ အဆိုပါမြင်းကို အရပ်အပုဆုံး မြင်းထီးဆိုတဲ့ စံချိန်ပေးအပ်ထားပါတယ်။ သူဟာ ခွာဖျားကနေ အမြင့်ဆုံး ကျောကုန်းနေရာအထိကို ၁ ပေနဲ့ ၁၀ လက်မပဲ ရှိပါသတဲ့။ တခြားမြင်းတွေနဲ့ မြင်းဇောင်းမှာ အတူတူနေတဲ့ဘွန်ဘယ်ဟာ သူ့ကိုယ်သူ ယုံကြည်မှုအပြည့်နဲ့ ခိုင်ခိုင်မာမာ ရှိနေပါတယ်လို့ ပိုင်ရှင်များဖြစ်တဲ့ ပက်ထရစ်နဲ့ ကာတာဇီနာဇီလင်စကာက ပြောကြားပါတယ်။ သူ့ကို ၂၀၁၄ ခုနှစ်ကတည်းကမွေးခဲ့တာဖြစ်ပြီး သူဟာ အရွယ်အားဖြင့် သေးငယ်မယ်ဆိုတာ မွေးကင်းစကတည်းက သတိထားမိစရာဖြစ်ခဲ့ပါသတဲ့။ ဘွန်ဘယ်နဲ့ သူ့ပိုင်ရှင်တွေဟာ တစ်လတစ်ကြိမ် ကလေးဆေးရုံကို သွားရောက်ပြီးတော့ ကလေးတွေကို ပျော်ရွှင်လာအောင် အဖော်လုပ်ပေးကြပါသတဲ့။ ကလေးတွေကို စိတ်ခံစားမှုပိုင်းဆိုင်ရာ အထောက်အကူရအောင်လို့ အဖော်ပြုပေးတဲ့သဘောပေါ့နော်။ ကလေးတွေကလည်း မြင်းတွေကို သဘောကျတယ်လေ။ မြင်းပုလေးဆိုတော့ သူတို့အရွယ်နဲ့ အံကိုက်ပေါ့။

F-02