News

POST TYPE

ALSO IN NEWS

မြွေဖမ်းသမားအဖြစ် လူသိများ နာမည်ကြီးလာတဲ့ ဘန်ကောက်က မီးသတ်သမား
24-Sep-2019

ပင်ယိုပွတ်ပင်ယိုဟာ ဘန်ကောက်က မီးသတ်သမားတစ်ဦးပါ။ မြွေတွေ့တယ်ဆိုတိုင်း ရောက်ရောက်သွားပြီး ကျွမ်းကျွမ်းကျင်ကျင်၊ ရဲရဲတင်းတင်း ဖမ်းပြနေတာကြောင့် လူထုက သူ့ကို နံပါတ် ၁ မြွေဖမ်းသမားအဖြစ် သတ်မှတ်လိုက်ကြပါတယ်။ ထိုင်းမီးသတ်သမားကြီးကို တပ်ဖွဲ့ကလည်း မြွေကိစ္စဆို သူ့ကိုပဲတာဝန်ပေးကြပါတော့တယ်။ တစ်နှစ်တစ်နှစ် မြွေတွေ့လို့ပါဆိုပြီး သူ့ကိုဦးတည် အကူအညီတောင်းတဲ့နှုန်းတွေက မြင့်တက်လာတယ်လေ။ ထိုင်းမီးသတ်တပ်ဖွဲ့ဟာ မြွှေနဲ့ပတ်သက်ပြီး အရေးပေါ် ခေါ်ဆိုအကူအညီတောင်းခံရမှု ယခုနှစ်အတွင်း အကြိမ်ရေ ၂ သောင်း ၂ ထောင်ရှိခဲ့ပါသတဲ့။ ဘန်ကောက်မှာဆိုရင်တော့ သူ့ရဲ့ မြွေဖမ်းတဲ့ ဗီဒီယိုတွေ လူမှုကွန်ရက်မှာတက်လာရင် စောင့်ကြည့်တဲ့ပရိသတ်တွေ ရှိနေပါသတဲ့။ မြို့ပြက လျင်မြန်စွာ ကျယ်ပြန့်နေခြင်းနဲ့ ရေတက်ခြင်းကြောင့် ဘန်ကောက်မှာ နှစ်စဉ် မြွေပြဿနာက မြင့်တက်နေပါတယ်။ ခေါင်မိုးတွေ၊ တိုက်ကြားတွေ၊ အိမ်သာတွေထဲမှာ မြွေတွေ မကြာခဏ တွေ့နေပါတယ်တဲ့။

F-02