News

POST TYPE

ALSO IN NEWS

အင်္ဂလန်နဲ့ အိန္ဒိယ ခရစ်ကတ်ပွဲအတွင်း ခွေးဝင်လာပြီး အညစ်အကြေး စွန့်လို့ ပွဲခေတ္တရပ်ရ
19-Nov-2016


 

အိန္ဒိယနိုင်ငံမှာ ပြုလုပ်တဲ့ ကမ္ဘာ့ခရစ်ကတ် အင်အားကြီး နှစ်နိုင်ငံ အားစမ်းတဲ့ပွဲမှာ လမ်းဘေးခွေး တစ်ကောင်က ကွင်းကြီးထဲ ဝင်လာကာ လျှောက်ပြေးနေပြီး အီးလည်း ပါချသွားတာမို့ လုံခြုံရေးတွေက ပွဲကို ခေတ္တ ရပ်နားလိုက်ရပါတယ်။

 

လုံခြုံရေး ဝန်ထမ်းတွေက အူယား ဖားယားနဲ့ ခွေးကို လိုက်ဖမ်းခဲ့ရပြီးတော့ မီဒီယာတွေရှေ့မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

 

ခွေးကို လွယ်လွယ်နဲ့ ဖမ်းမမိခဲ့ဘဲ ခွေးဟာ ကွင်းထဲမှာ ပတ်ပြေးနေတာမို့ ပရိသတ်က တဟားဟားနဲ့ ပွဲကျခဲ့ပါတယ်။

 

လိုက်ဖမ်းနေတုန်းမှာလည်း ရယ်စရာတွေ ထပ်ဖြစ်ခဲ့ပြီး ခွေးဟာ ပြေးနေရင်းနဲ့ ခဏ နားကာ မစင် စွန့်လိုက်ပြီး လုံခြုံရေးက ဖိနပ် ချွတ်ပြီး ပိတ်ပေါက်ခဲ့ရတာ ဖြစ်ပါတယ်။

 

အဲဒီပုံဟာ သတင်း မီဒီယာတွေမှာ တက်သွားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ တခြားဒေသတွင်း နိုင်ငံတွေလိုပဲ လမ်းဘေး ခွေးတွေ ပေါလှပါတယ်။

 

Ref : UPI



  • VIA