News

POST TYPE

ALSO IN NEWS

အီရန်အမျိုးသမီးတွေ ကွင်းထဲသွားပြီး ဘောလုံးပွဲကြည့်ခွင့်ရပြီ
23-Sep-2019

လာမည့်သီတင်းပတ်များမှာ စတင်ကျင်းပမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွေကနေစပြီး အီရန်အမျိုးသမီးများဟာ ကွင်းထဲသွားပြီး ဘောလုံးပွဲများကို ကိုယ်တိုင်ကိုယ်ကျ အားပေးနိုင်တော့မှာဖြစ်တယ်လို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA က ကြေညာထားပါတယ်။ ယခုလအစောပိုင်းမှာ အီရန်ဘောလုံးပရိသတ် အမျိုးသမီးတစ်ဦး သေဆုံးပြီးနောက်မှာ အဆိုပါအရေးကိစ္စနဲ့ပတ်သက်ပြီး အီရန်အာဏာပိုင်များနဲ့ ဆက်သွယ်ဆွေးနွေးခဲ့တယ်လို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အင်ဖာတီနိုက ပြောကြားခဲ့ပါတယ်။ အီရန်မှာ ၁၉၇၉ ခုနှစ် အစ္စလာမ္မစ်တော်လှန်ရေးပြီးတဲ့နောက်မှာ အမျိုးသမီးများကို အမျိုးသားအားကစားပွဲများ လာရောက်ကြည့်ရှုခွင့်ကို ပိတ်ပင်ထားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက အီရန်က အသင်းတစ်သင်းရဲ့ ပရိသတ်ဖြစ်သူ ခိုဒါရာရီဟာ အမျိုးသားဟန်ဆောင်ပြီး ဘောလုံးပွဲကိုကွင်းထဲသွားကြည့်ရာက မိသွားခဲ့ပြီး အချုပ်ထဲရောက်သွားခဲ့ပါတယ်။ သူဟာ အဆိုပါကိစ္စ တရားရုံးမှာရင်ဆိုင်နေရစဉ် တရားရုံးအပြင်ဘက်မှာ မိမိကိုယ်ကိုယ်မီးရှို့ခဲ့ပြီး မကြာခင်မှာပဲ သေဆုံးသွားခဲ့ပါတယ်။ သူမ ကွယ်လွန်သွားပြီးနောက်မှာ ပြည်တွင်းပြည်ပ စိတ်မကောင်းခဲ့ကြဘဲ အီရန်မှာ အမျိုးသမီးများ ဘောလုံးပွဲကြည့်တာကိုခွင့်ပြုဖို့ တိုက်တွန်းလာကြတာဖြစ်ပါတယ်။

F-02