News

POST TYPE

ALSO IN NEWS

အရှိန်လျှော့မောင်းဖို့ သေမင်းတမန်အရုပ်နဲ့ ပညာပေး၊ သေမင်းတမန် အခိုးခံရ
23-Sep-2019

ရုရှားနိုင်ငံက အာခန်ဂလက်စ်ခ်ဆိုတဲ့ မြို့တစ်မြို့မှာ ကားသမားတွေ အရှိန်တင်ပြီးမောင်းမှာစိုးလို့ လမ်းဘေးမှာ သေမင်းတမန်အရုပ်ကြီး ထောင်ထားပြီး ပညာပေးထားပါတယ်။ ဒါပေမဲ့ နောက်နေ့မှာ အဆိုပါသေမင်းတမန် ပျောက်သွားပါသတဲ့။ လီနင်ဂရက် အဝေးပြေးလမ်းမကြီးရဲ့ ယာဉ်မတော်တဆဖြစ်တတ်တဲ့ နေရာမှာ အဆိုပါအရုပ်ကြီးကို ချထားတာဖြစ်ပါတယ်။ အဆိုပါနေရာမှာ သေမင်းကြီးရှိနေတာကို လူသိများလာပြီး လူမှုကွန်ရက် မီဒီယာပေါ်မှာ တော်တော်ပြောဆိုနေကြပါတယ်။ ဒီလိုထားရှိတာဟာ ယာဉ်မောင်းတွေအနေနဲ့ အရှိန်လျှော့စေဖို့ဖြစ်ပါကြောင်း ဒေသအာဏာပိုင် ပြောခွင့်ရအရာရှိ တာယာနာစီမင်ဒိုင်က ပြောကြားပါတယ်။ တချို့ကတော့ မြို့နားမှာ ယာဉ်အန္တရာယ်ကင်းရှင်းစေဖို့ ဖန်တီးတင်ဆက်မှုဖြစ်လို့ ကြိုဆိုပါကြောင်း ရေးသားထားပါတယ်။ ဒါပေမဲ့ တော်တော်များများကတော့ ခုလို သေမင်းရုပ်ကြီးထောင်ထားတာကို မကြိုက်ကြပါဘူး။ ခုတော့ သေမင်းကိုလည်း ဘယ်သူယူလို့ ယူသွားမှန်း မသိတော့ပါဘူး။

F-02