News

POST TYPE

ALSO IN NEWS

ဂျင်းဘောင်းဘီအဟောင်းတွေ အလှူခံပြီး နွမ်းပါးကလေးများအတွက် ကျောပိုးအိတ်ဖန်တီးတဲ့ အိန္ဒိယကသူငယ်ချင်းများ
21-Sep-2019

ဂျင်းဘောင်းဘီတစ်ထည်ဖြစ်လာဖို့အတွက် စုစုပေါင်း ရေလီတာ ၈၀၀၀ လောက် သုံးခဲ့ရတယ်လို့ဆိုပါတယ်။ နှစ်စဉ်နှစ်တိုင်း အိန္ဒိယမှာ သန်းပေါင်းများစွာသော ဂျင်းဘောင်းဘီတွေကို ဟောင်းသွားလို့ စွန့်ပစ်နေပါတယ်။ တော်တော်များများဟာ အမှိုက်ဖြစ်သွားကြပါသတဲ့။

အိန္ဒိယနိုင်ငံဂျိုပူရ် အခြေစိုက် Solecraft ဆိုတဲ့အဖွဲ့တစ်ဖွဲ့က စွန့်ပစ်ဂျင်းစတွေနဲ့ ကလေးများအတွက် ကျောင်းသုံးကျောပိုးအိတ်များ ဖန်တီးပေးခဲ့ပါတယ်။

သူငယ်ချင်းသုံးဦးဖြစ်တဲ့ မရီနာလီနီ ရက်ဂျ်ပူရိုဟစ်၊ အတူမာတာ၊ နီခေးလ်ဂီ လော့တို့သုံးဦးဟာ လူမှုစီးပွားဖြစ်တဲ့ အဆိုပါလုပ်ငန်းကို တည်ထောင်ခဲ့ပြီး ဂျင်းအဟောင်းတွေကို အိတ်၊ ဖိနပ်နဲ့ ခဲတံထည့်တဲ့အိတ်များအဖြစ် ဖန်တီးတာဖြစ်ပါတယ်

ချုပ်ထားတဲ့ ဂျင်းအိတ်များ၊ ကျောင်းသုံးဂျင်းပစ္စည်းများကို ဂျိုပူရ်ဒေသက ရွာကျောင်းများက နွမ်းပါးကလေးများအတွက် ပြန်လှူပေးကြပါတယ်။ ကျောပိုးအိတ်ပေါင်း ၁၂၀၀ ကျော်ကို ကလေးများအတွက် ဖန်တီးခဲ့ပြီးဖြစ်ပြီးတော့ ဆက်လက် ဆောင်ရွက်နေကြပါတယ်တဲ့။

F-02