News

POST TYPE

ALSO IN NEWS

အကဗီဒီယိုပြိုင်ပွဲ ရဲစခန်းတစ်ခုလုံးကရဲတွေ ဝင်ပြိုင်ကြကာ အနိုင်ရရှိသတဲ့
19-Sep-2019

အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားရဲဌာနစခန်းတစ်ခုမှာ စခန်းတစ်ခုလုံးကရဲတွေပေါင်းပြီး အကဗီဒီယိုပြိုင်ပွဲ ဝင်ပြိုင်ကြသတဲ့။ ဒီလိုဝင်ပြိုင်ကြရာမှာ တစ်နိုင်ငံလုံးအဆင့် ဆုရခဲ့ပြီးတော့ ဒေါ်လာတစ်သိန်း ရန်ပုံငွေရသွားသတဲ့။ နော့ဖို့ခ်မြို့ ရဲစခန်းဟာ သူတို့ကခုန်ထားတဲ့ဗီဒီယိုကို တင်ထားပြီးတော့ အမေရိကရဲ့ အကောင်းဆုံးဗီဒီယိုများပြိုင်ပွဲ ဝင်ပြိုင်ရာမှာ ဆုရသွားတာဖြစ်ပါတယ်။ တေးသံရှင် ဘရူနိုမားစ်ရဲ့ Uptown Funk သီချင်းကို အပျော်တမ်းကခုန်ကြရာမှာ ရဲတွေ၊ ရဲမေတွေ အရွယ်စုံ ကတတ်သလိုကနေကြတာဖြစ်ပြီး မီးသတ်သမားတွေ၊ ကယ်ဆယ်ရေးသမားတွေပါ ဝင်ကခဲ့ကြတာပါ။ တစ်နိုင်ငံလုံးက လူမှုကွန်ရက်အသုံးပြုသူတွေက ဝင်ရောက်ပြီးတော့ မဲပေးမျှဝေပြီးတော့ ဗီဒီယိုကို ရွေးချယ်ကြတာဖြစ်ပါတယ်။ ရဲစခန်းဟာ သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ဘရူနိုမားစ်ကို ကျေးဇူးတင်စကား ရေးသားခဲ့ပြီး သူတို့ကိုမဲပေးကြပါလို့ ပြည်သူကိုပြောကြားခဲ့ပါတယ်။

F-02