News

POST TYPE

ALSO IN NEWS

အင်္ဂလိပ်ရေလက်ကြားကိုဖြတ်ပြီး ပြင်သစ်ကို အသွားအပြန် ရေကူးပြခဲ့တဲ့ ရင်သားကင်ဆာဖြစ်ဖူးသူ
18-Sep-2019

ဆာရာသောမတ်စ်လို့ အမည်ရတဲ့ အမေရိကန်တစ်ဦးဟာ ရေကူးတာနဲ့ပတ်သက်ပြီး နေရာအတော်များများ ဖြတ်ကျော်ခဲ့သူ ဖြစ်ပါတယ်။ ယခုလည်း အင်္ဂလိပ်ရေလက်ကြားကို မနားတမ်းဖြတ်ကူးပြီး မှတ်တမ်းတစ်ခုရခဲ့ပြန်ပါပြီ။ အသက် ၃၇ နှစ်အရွယ် ကော်လိုရာဒိုသူ အမျိုးသမီးဟာ အင်္ဂလန် ဒိုဗာဒေသကနေ ရေလက်ကြားကို ဒိုင်ဗင်ထိုးချပြီး ပြင်သစ်ကို ရေကူးသွားခဲ့ပါတယ်။ ပြင်သစ်လည်းရောက်ရော ချက်ချင်းပဲ အင်္ဂလန်ကို ရေပြန်ကူးလာခဲ့ပြန်ပါရော။ သူဟာ ရေထဲမှာ စုစုပေါင်း ၅၄ နာရီကြာအောင် ကူးနေခဲ့တာဖြစ်ပါတယ်။ သူမဟာ ကင်ဆာဝေဒနာကိုခံစားခဲ့ရပြီး ကုသခဲ့ရပါတယ်။ ဒါပေမဲ့ စိတ်အားမလျှော့ခဲ့ဘဲ ကြိုးစားပြီး အားကစားလုပ်ခဲ့တာဖြစ်ပါတယ်။ မိုင်ပေါင်း ၁၃၀ ခရီးကို ရေကူးပြခဲ့တဲ့ အမျိုးသမီးက ဒါဟာ အရမ်းကိုကောင်းတဲ့၊ အလွန်ကောင်းတဲ့ ဖြတ်ကျော်နိုင်ခဲ့မှုပါလို့ ပြောခဲ့ပါတယ်။

F-02