News

POST TYPE

ALSO IN NEWS

သစ်ပင်တွေ ကျောပိုးပြီးပြေးပြခဲ့တဲ့ တောင်အာဖရိက မာရသွန်အပြေးသမားများ
17-Sep-2019

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က တောင်အာဖရိကမှာ ကျင်းပခဲ့တဲ့ မာရသွန်အပြေးပြိုင်ပွဲမှာ အပြေးသမား ၂၀ လောက်ဟာ သစ်ပင်တွေကို သယ်ပိုးပြီးပြေးခဲ့ကြပါတယ်။ စာရင်းကိုင်တစ်ဦး၊ လုပ်ငန်းရှင်တစ်ဦး၊ လက်ဝှေ့ပွဲစီစဉ်သူတစ်ဦးတို့လည်း ပါတဲ့လူ ၂၀ တို့ဟာ ဒေသမျိုးရင်းအပင်ကြီးတွေကို ပြန်လည်စိုက်ပျိုးကြဖို့ ပညာပေးတဲ့အနေနဲ့ သစ်ပင်တွေသယ်ပြီး ပြေးခဲ့ကြတာပါ။ မိုးခေါင်ရေရှားခြင်းနဲ့ ရာသီဥတုပြောင်းလဲခြင်းကို တိုက်ဖျက်ဖို့အတွက် ဒေသမျိုးရင်းသစ်ပင်များကို စိုက်ပျိုးဖို့အတွက် ပညာပေးလှုပ်ရှားကြတာပါတဲ့။ ပြီးခဲ့တဲ့ နှစ်တုန်းက ကိတ်တောင်းမြို့မှာ ဆိုးဝါးလှတဲ့ မိုးခေါင်ရေရှားမှုကို ကြုံခဲ့ရပြီး ရေများကုန်ခဲ့ကာ အာဏာပိုင်များအနေနဲ့ ရေကို အလှည့်ကျနဲ့ ပေးခဲ့ရပါတယ်။ ရေကို တအားစုပ်ယူတဲ့ အပွားမြန်အပင်တွေအစား မြေဆီကိုထိန်းထားမယ့်အပင်မျိုးတွေကို စိုက်ပျိုးဖို့အတွက် အများက တိုက်တွန်းနေကြတာဖြစ်ပါတယ်။ တောရိုင်း သံလွင်ပင်ကို သယ်ပိုးပြီး ပြေးခဲ့တဲ့ တက်ကြွလှုပ်ရှားသူ သစ်ပင်စိုက်သမား စီယာဘူလီလာဆိုကိုမာနီက ယခုလှုပ်ရှားမှုကနေ သစ်ပင် ၂၀၀၀ စိုက်ဖို့ ရန်ပုံငွေရှာနေတာပါလို့ ပြောခဲ့ပါတယ်။

F-02