News

POST TYPE

ALSO IN NEWS

ဘလက်နမ်နန်းတော်ရာက ရွှေအစစ်အိမ်သာခွက်ကြီး အခိုးခံရပြီ
16-Sep-2019

ဗြိတိန်နိုင်ငံ ဘလက်နမ်နန်းတော်က ၁၈ ကာရက်ရွှေ အိမ်သာခွက်ကြီးတော့ ခိုးခံလိုက်ရပါပြီ။ အောက်စဖို့ဒ် ရှိုင်းယားနယ်က နန်းတော်ရာထဲကို လူဆိုးအုပ်စုတစ်စုက ဖောက်ဝင်ခဲ့ပြီး အဆိုပါအနုပညာ လက်ရာကို ခိုးယူသွားတာဖြစ်ပါတယ်။ အဆိုပါ ရွှေခွက်အိမ်သာကြီးကို အများသူငါကို ပေးသုံးထားတာဖြစ်ပါတယ်။ ဒါကြောင့် အဆိုပါအိမ်သာကြီး မပျောက်ခင်က လာရောက်လည်ပတ်သူတွေဟာ ပေါင်သန်းချီတန်တဲ့ ရွှေခွက်ကြီးထဲကို ရှူးပေါက်ချနိုင်ပါတယ်။ ပျောက်ဆုံးနေတဲ့ အိမ်သာခွက်ကြီးနဲ့ပတ်သက်ပြီး အသက် ၆၆ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဖမ်းဆီးထားပါတယ်။ ခိုးမှုကြောင့် တန်ဖိုးကြီးအနုပညာလက်ရာ ဆုံးရှုံးရသလို အိမ်သာလည်း ရေလျှံသွားခဲ့ပါတယ်။ ရွှေအိမ်သာခွက်ကြီးကို အီတလီအနုပညာရှင် မော်ရီဇီယိုကတ်တယ်လန်က ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

F-02