News

POST TYPE

ALSO IN NEWS

ပလတ်စတစ်လုံးဝမပါတဲ့ ဆိုင်ခွဲတွေ ဖွင့်ဖို့ McDonald's စားသောက်ဆိုင် ပြင်နေပြီ
14-Sep-2019

စီးပွားရေးလုပ်ငန်းကြီးတွေအနေနဲ့ သဘာဝပတ်ဝန်းကျင်ကို ဂရုစိုက်ဖို့ ဖိအားတွေများလာတာနဲ့အမျှ မူဝါဒတွေ ဖြည့်စွက်လာကြပါပြီ။

ကမ္ဘာကျော်စားသောက်ဆိုင် ကုမ္ပဏီ McDonald's ကလည်း ပလတ်စတစ်ကင်းမဲ့တဲ့ စားသောက်ဆိုင်တွေကို ဂျာမနီနဲ့ ကနေဒါနိုင်ငံတွေမှာ ဖွင့်လှစ်တော့မှာဖြစ်ပါသတဲ့။ ပလတ်စတစ်ပစ္စည်းတွေအစား စက္ကူပိုက်၊ သစ်သားဇွန်း စတာတွေကို အသုံးပြုသွားမှာဖြစ်တယ်လို့ ကြေညာထားပါတယ်။

ဘာဂါကို ထုပ်ပိုးပေးတဲ့စက္ကူတွေကိုလည်း မြက်ကနေ ထုတ်ထားတဲ့ ပျော့ဖတ်စက္ကူနဲ့ ပြင်ဆင်ပေးမှာပါတဲ့။

ဘာလင်နဲ့ ကနေဒါမှာ ပြုလုပ်သွားမယ့် စမ်းသပ်မှုတွေကနေ အဆင်ပြေတယ်ဆိုရင်တော့ McDonald's ကော်ပိုရေးရှင်းကြီးမှာ ကြီးကြီးမားမားတွေ လုပ်သွားမှာဖြစ်ပါသတဲ့။

“McDonald's ဟာ ပြီးပြည့်စုံတဲ့ အဖြေကိုရှာလေ့ရှိပါတယ်။ ဒါပေမဲ့ ခုတော့ ပြီးပြည့်စုံတဲ့ အဖြေမရသေးပါဘူး။ ဒါကြောင့် ကူညီကြပါ”လို့ သဘာဝပတ်ဝန်းကျင်ရေးရာဌာနမှ ဒိုင်ယာနာဝင့်ချ်က ပြောပါတယ်။

F-02