News

POST TYPE

ALSO IN NEWS

ပဋိပက္ခဒေသမှ ကလေးများကိုကာကွယ်ရန် Unicef က UN ရုံးချုပ်ရှေ့ ကျောပိုးအိတ် ၃ ထောင်ကျော် စီပြီး installation လုပ်ပြ
11-Sep-2019

ကုလသမဂ္ဂအထွေထွေညီလာခံ မတိုင်ခင် ရုံးချုပ်ရှေ့မှာ UNICEF ဟာ ရည်ရွယ်ချက်တစ်ခုနဲ့ ကလေးကျောပိုးအိတ်ပေါင်း များစွာကို တန်းစီပြီး ချပြထားပါတယ်။ ဘာဖြစ်လို့ ဒီလိုလုပ်ရသလဲဆိုရင် ပဋိပက္ခဒေသများမှာ ရောက်နေကြတဲ့ကလေးတွေကို ကာကွယ်ပေးဖို့အတွက် အရေးကိစ္စကို အများသူငါ သတိထားမိစေဖို့ ဖြစ်ပါတယ်။ ပဋိပက္ခတွေ၊ စစ်ပွဲတွေကြားမှာ သေဆုံးသွားကြတာမို့ ယခုနှစ် စက်တင်ဘာ ကျောင်းဖွင့်ပြီဆိုရင် ထောင်ပေါင်းများစွာသော ကလေးတွေ ကျောင်းကိုလာကြတော့မှာ မဟုတ်ပါဘူး။ အဆိုပါကလေးတွေကို လူတွေမမေ့ကြဖို့ ရည်ရွယ်ချက်နဲ့ ကျောပိုးအိတ် စုစုပေါင်း ၃၇၅၈ အိတ်ကို စီတန်းချထားပြီး Installation တင်ဆက်တာဖြစ်ပါသတဲ့။ စက်တင်ဘာလ ၁၈ ရက်နေ့မှာ ကုလသမဂ္ဂအထွေထွေ ညီလာခံပြုလုပ်တော့မှာမို့ ကမ္ဘာ့ခေါင်းဆောင်တွေ လာကြမှာပါ။ နိုင်ငံတကာအရေးကိစ္စတွေ ဆွေးနွေးကြတဲ့အခါ ကလေးအရေးကိစ္စတွေပါ ဆွေးနွေးဖြစ်အောင် ယခုလို ဖိအားပေးတိုက်တွန်းတာလည်းဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်အတွင်း ဖြစ်ခဲ့တဲ့ပဋိပက္ခတွေမှာ ဒဏ်ရာရ သေဆုံးခဲ့ရတဲ့ ကလေးသူငယ်စုစုပေါင်း ၁၂၀၀၀ ရှိတယ်လို့ ကမ္ဘာ့ကုလသမဂ္ဂ ကလေးများဆိုင်ရာ ရန်ပုံငွေအဖွဲ့က ထုတ်ပြန်ထားပါတယ်။

F-02