News

POST TYPE

ALSO IN NEWS

အိုင်ယာလန်မှာ သစ်ပင်သန်း ၄၄၀ စိုက်ပျိုးမည်
10-Sep-2019

အမေဇုန် မိုးသစ်တောကြီး မီးလောင်တယ်ဆိုတော့ စိတ်ညစ်စရာပေါ့နော်။ ပျော်ရွှင်စရာ သတင်းကောင်းလည်း ကြားသင့်တာပေါ့။ အိုင်ယာလန်နိုင်ငံမှာ ရာသီဥတုပြောင်းလဲခြင်းကို ကိုင်တွယ်ဖို့ အစီအစဉ်တစ်ရပ်အနေနဲ့ လက်တွေ့ဆောင်ရွက်မှုပြုပါတော့မယ်။ ၂၀၄၀ အထိ တစ်နှစ်ကို အပင် ၂၂ သန်း ပုံမှန်စိုက်သွားမှာပါတဲ့။ ဒီလိုနည်းနဲ့ ရာသီဥတု ပြောင်းလဲခြင်းကိုကိုင်တွယ်ဖို့ အိုင်ယာလန်က ဆောင်ရွက်နေပါပြီ။ ယခုလိုစိုက်ပျိုးခြင်းကြောင့် အိုင်ယာလန်နိုင်ငံမှာ တစ်နှစ်ကို သစ်တောဧက ၁၉၇၈၆ ဧက တိုးပွားလာမယ်လို့ မျှော်လင့်ထားကြောင်း Irish Time သတင်းစာက ဖော်ပြထားပါတယ်။ သစ်ပင်မျိုးစုံကို စုံလင်အောင်စိုက်ပျိုးသွားမှာဖြစ်ပြီး မြေဆီလွှာစီမံခန့်ခွဲမှုကိုလည်း သေချာဆောင်ရွက်သွားမယ်လို့ ရာသီဥတုဆိုင်ရာ လက်တွေ့ဆောင်ရွက်ခြင်းဌာနက ထုတ်ပြန်ထားပါတယ်။ သစ်ပင်တွေဟာ ကာဗွန်ဒိုင်အောက်ဆိုက်ကို စုပ်ယူပြီး လူနဲ့တိရစ္ဆာန်တွေအတွက် အောက်ဆီဂျင်ကို ပြန်ထုတ်ပေးပါတယ်။

F-02