POST TYPE
ALSO IN NEWS
ဩစတြီးယားမှာ ဘောလုံးကွင်းထဲ သစ်တောကြီးဖန်တီးတဲ့ Installation အနုပညာ
09-Sep-2019

ဘောလုံးကွင်းထဲက ဒိုင်လူကြီး ဝီစီသံအစား သစ်တောကို လေဖြတ်တိုက်သွားတဲ့အသံတွေ ထွက်နေပါပြီ။ ဩစတြီးယားမြို့ ကလာဂျန်ဖော့ဒေသက ဘောလုံးကွင်းတစ်ကွင်းထဲမှာ သစ်တောကြီးကို စိုက်ပျိုးဖန်တီးလိုက်တဲ့ အနုပညာ တင်ဆက်မှုကြောင့်ဖြစ်ပါတယ်။ ယူရို ၂၀၀၈ ဘောလုံးပွဲတွေ ကျင်းပခဲ့တဲ့ အဆိုပါ ဘောလုံးကွင်းကြီးထဲမှာ ဘောလုံးတစ်ကွင်းစာ သစ်တောအုပ်တစ်အုပ်ကို အပင် ၃၀၀ နဲ့ ဖန်တီးလိုက်တာ ဖြစ်ပါတယ်။ For Forest လို့ အမည်ပေးထားတဲ့ အဆိုပါ အနုပညာလက်ရာကို အများပြည်သူထံ ဖွင့်လှစ်ပြသသွားမှာ ဖြစ်ပါတယ်။ ဆွစ်ဇာလန် အနုပညာရှင် ကလော့စ်လစ်မန်းရဲ့ စိတ်ကူးနဲ့ အဆိုပါသစ်တောကို ထည့်သွင်းစိုက်ပျိုးလိုက်တာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၆ နှစ်လောက်ကတည်းက အဆိုပါစီမံကိန်းကို အကောင်အထည်ဖော်ဖို့ အာဏာပိုင်များထံ တင်ပြခဲ့ကြတာဖြစ်ပါတယ်။
F-02
- VIA
- Voice Admin
- SOURCES
- The Voice
-
26-Jan-2021
-
25-Jan-2021
-
25-Jan-2021
-
25-Jan-2021
-
25-Jan-2021
-
25-Jan-2021