News

POST TYPE

ALSO IN NEWS

နိုင်ငံတကာ ဂီတပွဲတော်မတိုင်ခင် ဥစဘတ်တွင် လမ်းဘေးခွေးများကို အဆိပ်ပစ်၊ ခွေးချစ်သူတို့ ဒေါသထွက်
09-Sep-2019

ဥစဘတ်ကစ္စတန်နိုင်ငံ ဆမာကန်းမြို့က တချို့ဟာ ဒေသကောင်စီက လမ်းဘေးခွေးတွေကို အဆိပ်ခတ် နေတာကြောင့် စိတ်ဆိုးဒေါသထွက်လျက်ရှိပါတယ်။ နိုင်ငံတကာ ဂီတပွဲတော်မပြုလုပ်ခင် မြို့က လမ်းဘေးခွေးတွေကို အဆိပ်ချနေတာဖြစ်ပြီး ခွေးချစ်သူများက စိတ်ဆိုးနေကြတာပါ။ မြို့တော်အင်္ဂါရပ်နဲ့ ညီအောင်လို့ တရားဝင် လုပ်တဲ့လှုပ်ရှားမှုအဖြစ် မလိုလားအပ်တဲ့ လမ်းဘေးတိရစ္ဆာန်တွေကို ရှင်းလင်းနေတာပါလို့ ကြေညာထားပါတယ်။ ကြေညာထားတဲ့ဗီဒီယိုကို လူမှုကွန်ရက်မှာ လူတွေကမျှဝေနေကြပြီး လမ်းဘေးခွေးပြဿနာကို ပိုမိုဆိုးဝါးအောင် လုပ်တဲ့လှုပ်ရှားမှုဖြစ်တယ်လို့ ဆိုထားပါသတဲ့။ တချို့ကလည်း အဆိုပါဗီဒီယိုကို အင်္ဂလိပ်လို ဘာသာပြန်ပြီး ဂီတပွဲတော်ကြောင့် ဒီမှာဘယ်လိုတွေသတ်နေတယ်ဆိုတာကို လာမယ့်ဧည့်သည်တွေသိအောင် လူမှုကွန်ရက်ပေါ်မှာ တန်ပြန်လှုပ်ရှားနေကြပါတယ်။ ပိုင်ရှင်မဲ့လမ်းဘေးတိရစ္ဆာန်ပြဿနာဟာ မြို့ကြီးတွေမှာရှိနေပြီး ဖြေရှင်းတိုင်း တိရစ္ဆာန်များကို ချစ်ခင်သနားကြသူတွေနဲ့ စကားများကြရလေ့ ရှိပါတယ်။

F-02