News

POST TYPE

ALSO IN NEWS

အစ်မရဲ့ မင်္ဂလာဆောင်ကို ဒိုင်နိုဆောဝတ်စုံဝတ်လာတဲ့ အမျိုးသမီး
05-Sep-2019

မင်္ဂလာဆောင်ရာသီကို ရောက်လာတဲ့အခါ စုံတွဲတွေဟာ သူတို့ရဲ့ပွဲကိုလာတက်ကြသူတွေ စနစ်တကျ သပ်သပ်ရပ်ရပ်လေး ဝတ်လာစေချင်ကြပါတယ်။ ဒါပေမဲ့ နီဘရာစကာပြည်နယ် အိုမားဟားဒေသက ဒင်းနာနဲ့ဂျိုဘီအဒမ်ဆိုတဲ့ စုံတွဲတစ်တွဲကတော့ ဒီလိုမဖြစ်စေချင်ပါဘူး။ ဒင်းနာအဒမ်ဟာ စေ့စပ်စဉ်ကာလကတည်းက ညီမလေးဖြစ်သူကို မင်္ဂလာဆောင်မှာ အပျိုရံလုပ်ပေးရမယ်လို့ ပြောထားပါတယ်။ မင်္ဂလာပွဲကို ကြိုက်နှစ်သက်ရာ ဝတ်ဆင်လာပါလို့ ညီမလေးကို မှာထားသတဲ့လေ။ ညီမလေးမီဒိုက သူ့အစ်မကို ပြန်မေးခဲ့ပါတယ်။ ဒိုင်နိုဆောဝတ်စုံရော ဝတ်လာလို့ ရလားလို့ပေါ့။ အစ်မက ဝတ်ခဲ့ပါတဲ့။

တကယ်ဝတ်လာမလား၊ မဝတ်လာဘူးလားဆိုတာ စိတ်ဝင်စားစရာ ကောင်းခဲ့တယ်လို့ သတို့သားဖြစ်သူ တပ်မတော်သားကြီး ဂျိုဘီအဒမ်က ပြောကြားပါတယ်။ အပျိုရံအုပ်စုတွေထဲမှာ ဒိုင်နိုဆောမတစ်ကောင် ရောက်နေတဲ့ဓာတ်ပုံဟာ ယခုတော့ သူတို့ချစ်သူနှစ်ဦးနဲ့အတူ လူမှုကွန်ရက်မီဒီယာပေါ် ပျံ့နှံ့နေခဲ့ပါပြီ။

F-02