News

POST TYPE

ALSO IN NEWS

သစ်ရွက်ခြောက်တွေနဲ့ ပန်းချီဖန်တီးတဲ့ ဖိလစ်ပိုင်က ပန်းချီဆရာကြီး
04-Sep-2019

ဖိလစ်ပိုင်က အနုပညာရှင်တစ်ဦးဟာ ပန်းချီဆေးတစ်စက်မှမသုံးဘဲနဲ့ သစ်ရွက်ခြောက်များ၊ အခွံခြောက်များကို လိုက်ကပ်တဲ့နည်းနဲ့ ပန်းချီလက်ရာတွေကို ဖန်တီးတာ လူကြိုက်များနေပါတယ်။ သူ့ရဲ့ ရောင်ခြယ်ပစ္စည်းတွေကတော့ သစ်ရွက်ခြောက်များ၊ ပြောင်းဖူးခွံများ၊ ကြက်သွန်ခွံများ အများဆုံးဖြစ်ပါတယ်။ ကော်နဲ့တော့ ကပ်တာပေါ့နော်။ အသက် ၇၂ နှစ်အရွယ် ပန်းချီဆရာကြီး ဖာနန်ဒိုမက်လီပွန်ရဲ့လက်ရာ သစ်ရွက်ပန်းချီကားများကို နယူးယောက်မြို့ ဖိလစ်ပိုင်ကောင်စစ်ဝန်ရုံးမှာ ပြသထားပါတယ်။ စုစုပေါင်းလက်ရာ ၄၃ ကားကို ပြသထားတာဖြစ်ပြီး လူကြိုက်များတဲ့လက်ရာတွေဖြစ်ပါသတဲ့။ ပြီးခဲ့တဲ့ ၁၀ နှစ်လောက်မှာ မုန်တိုင်းကြောင့် အိမ်တွင်းအောင်းခဲ့ရတဲ့ရက်တွေအတွင်း ပျင်းလာတာမို့ ယခုလို စတင်ဖန်တီးဖြစ်တာလို့ ဆရာကြီးက ပြောကြားပါတယ်။ ပန်းချီဆရာကြီးဟာ ယခင်က ဖက်ရှင်ဒီဇိုင်နာဟောင်းဖြစ်ပြီး ယခုတော့ သစ်ရွက်ခြောက် အနုပညာတွေကို ဖန်တီးနေပါတယ်။

F-02