News

POST TYPE

ALSO IN NEWS

တရုတ်နိုင်ငံက အကြီးဆုံး Hot Pot အိုးကြီး
03-Sep-2019

တရုတ်အစားအစာဆိုရင် Hot Pot ကို မျက်စိထဲ သွားမြင်လောက်ရအောင်ကို အဆိုပါ စားသောက်ဖွယ်ရဲ့ဩဇာက ကမ္ဘာအနှံ့ကြီးလာပါတယ်။ တစ်ခါက တရုတ်နာမည်ကျော် စားဖိုမှူးတစ်ဦးက Hot Pot ဟာ တရုတ်ရိုးရာ မဟုတ်ဘူးလို့ပြောလိုက်တဲ့အတွက် လူမှုကွန်ရက်ပေါ်မှာ ပွက်ပွက်ညံသွားပါသေးတယ်။ တရုတ်ရိုးရာမဟုတ်လည်း ဘာအရေးလဲ။ တို့က Hot Pot မှ Hot Pot ပါပဲဆိုပြီး ပြောလာတဲ့ပရိသတ်တွေလည်း ရှိသေးရဲ့။ ခုလည်း တရုတ်နိုင်ငံမြောက်ပိုင်း မွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ထဲမှာ စားဖိုမှူးတွေက ဧရာမ Hot Pot အိုးကြီးနဲ့ ပြုတ်နေကြပါပြီ။ ဆိတ်သား ၉၄၀ ကီလိုဂရမ်သုံးထားပြီး အခြားအသီးအရွက် အကုန်ထည့်လို့ တရုတ်ပြည်ရဲ့ အကြီးဆုံး Hot Pot အိုး ဖန်တီးနေပါပြီ။ အသီးအရွက်အစုံပလုံထည့်ပြီး ခုလို စားသောက်တာကို မကြိုက်တဲ့လူတွေရှိပေမယ့် ကြိုက်သူတွေကတော့ အသည်းအသန်ပါပဲနော်။

F-02