News

POST TYPE

ALSO IN NEWS

ဝေဒနာကြောင့် အတိတ်မေ့သွားသည့်ဘဘကြီး ဇနီးသည်ကို ချစ်မိသဖြင့် ချစ်ရေးဆိုကာ ပြန်လက်ထပ်
02-Sep-2019

သတို့သမီး အန်နီကို မစ္စတာဘီလ်ဒွန်ကန်ဟာ အလွန် ချစ်မိနေတာကြောင့် ချစ်ရေးဆိုပြီး ပြန်လက်ထပ်ခဲ့တာဖြစ်ပါတယ်။ မိသားစုဝင်တွေ၊ မိတ်ဆွေတွေရဲ့ရှေ့မှောက်မှာ တရားဝင် ပြန်လည် လက်ထပ်ရတာဖြစ်ပါတယ်။ သတို့သားဟာ သူချစ်မိနေတဲ့ အမျိုးသမီးကြီးကို လက်ထပ်ရတာမို့ အလွန်ပျော်နေပါတယ်။ တကယ်တော့ သူအတိတ်မမေ့ခင်က ထိုအမျိုးသမီးရဲ့အချစ်ကို နှစ်ပေါင်းများစွာ ရထားခဲ့ပြီးပါပြီ။

“ကျွန်မယောကျာ်းက ဒီမန်ရှာဖြစ်သွားတာမို့ ငါ့ယောက်ျားကိုတော့ဖြင့် ဆုံးရှုံးရပြီလို့ ကျွန်မထင်ခဲ့တာပါ”လို့ အသက် ၆၅ နှစ်အရွယ် သတို့သမီး အန်နီက ပြောပြပါတယ်။

ခင်ပွန်းသည်ဖြစ်သူက သူ့ကိုမမှတ်မိတော့ အသည်းကွဲခဲ့ရတယ်လို့ အန်တီကြီးက ပြန်ပြောပြပါတယ်။ ပြုစုနေတဲ့အချိန်မှာ မသိသလိုဖြစ်နေပေမယ့် အချိန်ကြာလာတဲ့အခါ မိတ်ဆက်ပြီး ဘဘကြီးက စတင်ပိုးပန်းလာပါသတဲ့။ နောက်ဆုံး လက်ထပ်လိုပါကြောင်း ချစ်ရေးဆိုလာတာမို့ လက်ခံပေးလိုက်ပါတယ်လို့ သတို့သမီးက ပြောကြားပါတယ်။

F-02