News

POST TYPE

ALSO IN NEWS

ကွန်ဒိုမန်နေဂျာက အခန်းတွေဆီက ခိုးထားပြီး လျှို့ဝှက်ဂိုဒေါင်လုပ်ထားတာ ပေါ်ပြီ
01-Sep-2019

ဆစ်ဒနီက ကွန်ဒိုအဆောက်အအုံတွင်း မန်နေဂျာတစ်ဦးဟာ သူတာ ဝန်ကျရာအဆောက်အအုံမှာ လျှို့ဝှက်အခန်းတစ်ခုနဲ့ နေနေပြီး အဆိုပါအခန်းထဲမှာ ခိုးထားတဲ့ ပစ္စည်းပစ္စယမျိုးစုံကို သိုလှောင်ထားတာ ပေါ်ပေါက်ခဲ့ပါတယ်။ အထဲမှာ သူက ဆေးခြောက်ပင်လေးတောင် စိုက်ထားပြီး ဇိမ်ကျနေပါသေးတယ်။ အသက် ၄၂ နှစ်အရွယ် ကွန်ဒိုမန်နေဂျာ ဂျေဒန်ဟာတီဟာ ဩဂုတ်လ ၁၈ ရက်နေ့မှ အမှုပေါ်ပြီး ဖမ်းခံရတာပါ။ ပိုင်ရာမောင့်ကွန်ဒိုအိမ်ရာကြီးရဲ့ မြေအောက်ခန်းမှာ သူ့ရဲ့ဂိုဒေါင်ဟာ အာလာဒင်ဂူကြီးလို အထဲမှာအစုံရှိနေပါသတဲ့။ လျှပ်စစ်ပစ္စည်းများ၊ အားကစားပစ္စည်းများ၊ ဥယျာဉ်သုံးပစ္စည်းများစတဲ့ ပစ္စည်းမျိုးစုံ ၂၅၀ ခန့်ကို တွေ့ခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ဆိုထားပါတယ်။ မိုးရေလှောင်ကန်ငယ်တစ်ခုကိုလည်း ခိုးထားပြီး အိပ်ရာအဖြစ် ပြောင်းထားကာ နောက်ထပ် မိုးရေလှောင်ကန်တစ်လုံးကိုတော့ ဆေးခြောက်စိုက်ဖို့ ပြင်ဆင်ထားတာ ဖြစ်ပါတယ်။ ဘယ်လိုကဘယ်လို သူ့ရဲ့လုပ်ရပ်တွေ ပေါ်သွားတယ်ဆိုတာ ရဲက မထုတ်ပြန်ပါဘူး။ မန်နေဂျာကိုဖမ်းထားပြီး သိမ်းဆည်းပစ္စည်းတွေကိုတော့ ပိုင်ရှင်ထံပြန်ပေးဖို့ ပြင်ဆင်နေပါပြီ။

F-02