News

POST TYPE

ALSO IN NEWS

ကမ္ဘာ့အကြီးဆုံး ခေါင်မိုးဘားဆိုင် ချီကာဂိုမှာ ဖွင့်ပြီ
31-Aug-2019

အမေရိကန်ပြည်ထောင်စု အီလီနွိုက်စ်ပြည်နယ် ချီကာဂိုမြို့မှာ Navy Pier ဘားဆိုင်ဖွင့်ပွဲ လုပ်ခဲ့တုန်းက လူတစ်ထောင်ကျော် တက်ရောက်ခဲ့ပါတယ်။

ကမ္ဘာ့အကြီးဆုံး ဘားဆိုင်အဖြစ် ဂရင်းနစ်မှတ်တမ်းဝင်ခဲ့တဲ့ ခေါင်မိုးဘား rooftop bar ဆိုင်ဖြစ်ပါတယ်။

မီချီဂန်ရေကန်ကြီးနဲ့ ချီကာဂိုရဲ့ ကောင်းကင်ကိုကြည့်ရင်း ဧည့်သည်တွေ များစွာ တစ်ပြိုင်နက်ပါဝင်နိုင်တဲ့ ဘားဆိုင်ဖြစ်ပါတယ်။

စတုရန်းပေ ငါးသောင်းကျော်ကျယ်တဲ့ အဆိုပါဧရာမဘားဆိုင်ကြီးကို ဂရင်းနစ်စံချိန်အဖွဲ့က လာရောက်စစ်ဆေးပြီး ကမ္ဘာ့အကြီးဆုံးခေါင်မိုးဘားအဖြစ် အသိအမှတ်ပြုလိုက်ပါသတဲ့။

ဖျော်ဖြေရေး အစီအစဉ်ပေါင်းများစွာ ပါဝင်ပြီးတော့ ကမ္ဘာကျော် အရက်ပုလင်း အမျိုးပေါင်းများစွာကို ရအောင်တင်ထားတဲ့ အရက်ဆိုင်ပါ။

ဧရာမဘားကြီးမှာထိုင်ပြီး ပုလင်းပေါင်းစုံကို မြည်းစမ်းချင်တယ်ဆိုရင်တော့ ချီကာဂိုရောက်ရင် ဝင်ရမယ့်ဆိုင်ဖြစ်ပါသတဲ့။

F-02