News

POST TYPE

ALSO IN NEWS

အာကာသထဲမှာ ပထမဆုံး ကျူးလွန်တဲ့ ရာဇဝတ်မှု ဖြစ်လာလေမလား
29-Aug-2019

ဖြစ်ပုံကဒီလိုပါ။ အာကာသယာဉ်မှူးတစ်ဦးဟာ ရည်းစားဟောင်းရဲ့ ဘဏ်စာရင်းကို အာကာသစခန်းပေါ်က အင်တာနက်ကနေ ဝင်ကြည့်တယ်လို့ စွပ်စွဲခံရပါတယ်။ တကယ်လို့များ ပြစ်မှုထင်ရှားမယ်ဆိုရင် ဒါဟာ အာကာသပေါ်မှာ ကျူးလွန်တဲ့ ပထမဆုံး ရာဇဝတ်မှုဖြစ်လာမှာပါ။ အမျိုးသမီးတစ်ဦးကတော့ သူ့ချစ်သူဟောင်းဟာ ကမ္ဘာ့အပြင်ဘက် ရောက်တာတောင် သူ့ကို စိတ်အနှောင့်အယှက်ပေးနေတုန်းပဲလို့ ထင်နေပါတယ်။ အဆိုပါ အမျိုးသမီးဟာ အာကာသယာဉ်မှူး အမျိုးသမီး အန်နီမက်ကလိန်းနဲ့ ချစ်မိခဲ့တာဖြစ်ပါတယ်။ ယခုသူတို့ပြတ်စဲတဲ့အခါ အမျိုးသမီးချစ်သူဟောင်း အာကာသယာဉ်မှူးက အင်တာနက်ပေါ်ကနေ သူ့ဘဏ်စာရင်းကို ဝင်ကြည့်နေတယ်လို့ တိုင်တာပါ။ အန်နီမက်ကလိန်းဟာ လကမ္ဘာပေါ်ကို လွှတ်မယ့် အာကာသယာဉ်မှူးစာရင်းမှာ ဆန်ခါတင် ပါနေပြီး ပထမဆုံး လပေါ်ရောက်မယ့်အမျိုးသမီး ဖြစ်နိုင်ခြေရှိနေသူပါ။ NASA က စစ်ဆေးတဲ့အခါ အန်နီမက်ကလိန်းက ချစ်သူဟောင်းကို ဘဏ်စာရင်းကို ဝင်ကြည့်ခဲ့ပါကြောင်း၊ ဒါပေမဲ့ ဘာမှမဟုတ်တာ မလုပ်ခဲ့ပါဘူးလို့ ပြောခဲ့ပါတယ်။ 

F-02