News

POST TYPE

ALSO IN NEWS

ကချေသည် ၉၀၀ ဖြင့် မက္ကဆီကိုရိုးရာအက စုရုံးကခုန်မှု စံချိန်တင်
28-Aug-2019

မက္ကဆီကိုနိုင်ငံက မြို့တစ်မြို့ဖြစ်တဲ့ ဂွါဒါလာဂျာရာမှာ မာရီယာချီတေးဂီတသံစဉ်တွေနဲ့အတူ ကချေသည်ပေါင်းများစွာဟာ ကပြအသုံးတော်ခံနေကြပါတယ်။ အဆိုပါ အနုပညာသည်တွေဟာ လူ ၉၀၀ နဲ့ အများဆုံးမက္ကဆီကိုရိုးရာ ကခုန်မှုစံချိန်အဖြစ် တင်ကြတော့မှာဖြစ်ပါတယ်။ ဘယ်လောက်ပဲရာသီဥတုက ပူနေပါစေ အမျိုးသား၊ အမျိုးသမီး ၈၈၂ ဦးတို့ဟာ စိတ်အားထက်သန်စွာ ကခုန်ခဲ့ကြပါတယ်။ ၂၀၁၁ တုန်းကလည်း အလားတူ စံချိန်မျိုးတင်ခဲ့ဖူးပေမယ့် ထိုစဉ်က လူဦးရေက ၄၅၇ ဦးပဲပါတာပါ။ ခုတော့ ဒီထက်များတဲ့ ပမာဏနဲ့ စံချိန်တင်တာ ဖြစ်ပါတယ်။ “ယခုစံချိန်အသစ်ကို ကြည့်ခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ ဓလေ့ထုံးစံတွေဟာ လူငယ်တွေကြားမှာ ပြန်လည်ပျံ့နှံ့နေတာကို သိနိုင်ပါတယ်”လို့ ဂွါဒါလာဂျာရာမြို့ ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဇာဗီရာအိုရန်ဒိန်းက ပြောကြားပါတယ်။ စံချိန်တင်တဲ့ ကခုန်ပွဲတော်ကို စီစဉ်တာအဆိုပါအဖွဲ့က ဖြစ်ပါတယ်။

F-02