News

POST TYPE

ALSO IN NEWS

အမေရိကသို့ ပျားရည်ပုလင်းယူလာမိ၍ ထောင်သုံးလကျတဲ့ ဂျမေကန်သား
27-Aug-2019

ပျားရည်ပုလင်းများ သယ်လာမိသော ဂျမေကာသားအမျိုးသားကို မူးယစ်ဆေးများ သယ်လာတယ်ထင်ပြီး သုံးလတိုင် ဖမ်းဆီးထားတယ်လို့ သတင်းများက ဖော်ပြထားပါတယ်။ သူယူလာတဲ့ပျားရည်ပုလင်းတွေကို အမေရိကန်အကောက်ခွန် အရာရှိများက မီသာအမ်ဖက်တမင်းအရည်များ ထင်ခဲ့တာဖြစ်ပါတယ်။ အကောက်ခွန် အရာရှိများရဲ့ ခွေးများက ဂျမေကာသား ခရီးသည်ရဲ့အိတ်တွေကို ဘော်တီမိုး- ဝါရှင်တန် လေဆိပ်မှာ အနံ့ခံကြရာကနေ ဖမ်းဆီးထိန်းသိမ်းမှုဖြစ်ခဲ့တာပါ။ ဟက်ဖ်တန်လို့ အမည်ရတဲ့ အမျိုးသားဟာ အဆိုပါပျားရည်များကို လက်ဘက်ရည်ကြမ်းအချိုရည်ဖြစ်အောင် ပြုလုပ်တာဖြစ်ပါသတဲ့။ ဒါပေမဲ့ သူ့ကို မီသာအက်ဖက်တမင်းအရည် သယ်ဆောင်လာတယ်ဆိုပြီး အရေးယူတာဖြစ်ပါတယ်။ နောက်ပိုင်း ပြန်စစ်ကြည့်လို့ ပျားရည်မှန်း သက်သေပြနိုင်ချိန်မှာ အဆိုပါအမျိုးသားဟာ ၈၂ ရက် အချုပ်ထဲမှာ နေခဲ့ရပြီးပါပြီ။

F-02