News

POST TYPE

ALSO IN NEWS

ထရမ့်ကို မလိုလားဘဲ ဆန္ဒ ပြခဲ့ကြလို့ အဖမ်းခံရသူ
16-Nov-2016
ထက်ဝက်ကျော်ဟာ မဲမပေးခဲ့ကြသူတွေတဲ့ အမေရိကန် ပြည်ထောင်စု ပို့လန်းမြို့မှာ ဒေါ်နယ်ထရမ့် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ လုပ်ခဲ့ကြတော့ တချို့ အဖမ်း ခံရပါတယ်။ အဖမ်း ခံရသူတွေရဲ့ ထက်ဝက်ကျော်ဟာ မဲ မပေးခဲ့ကြသူတွေ ဖြစ်တယ်လို့ ပြည်နယ် ရွေးကောက်ပွဲ ရလဒ်တွေအရ ဖော်ပြထားပါတယ်။

ဆန္ဒပြလှုပ်ရှားသူ အနည်းဆုံး ၇၀ ခန့်ဟာ မဲလာမပေးခဲ့ကြဘဲ မဲပေးဖို့ မဲဆန္ဒရှင် စာရင်းတောင် မသွင်းခဲ့ကြသူတွေ ဖြစ်ပါသတဲ့။ အော်ရီဂွန်ပြည်နယ် ပို့လန်းမြို့မှာ ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ရပြီး ဆန္ဒပြသူများထဲက ၁၁၂ ဦး အဖမ်း ခံခဲ့ရပါတယ်။ အဖမ်းခံရသူတွေ အများကြီးထဲကမှ ၃၅ ယောက်လောက်ကပဲ တကယ်လာပြီး မဲပေးခဲ့ကြတာ ဖြစ်ပါတယ်။ မဲ တကယ် ပေးခဲ့လား၊ မပေးခဲ့ဖူးလား ဆိုတာကို မစစ်ရသေးတဲ့ ဆန္ဒပြသူ ၁၇ ဦး ရှိပါသေးတယ်။ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့်ဟာ ဝါရင့် နိုင်ငံရေးသမား ဟီလာရီ ကလင်တန်ကို အနိုင် ရရှိသွားခဲ့ပါတယ်။ အီးမေးလ် ကိစ္စကို ဖွခဲ့တဲ့ FBI ကြောင့် မဲရှုံးရတာပါလို့ ဟီလာရီက အပြစ် တင်ထားပါတယ်။ မဲရုံတွေမှာ မဲလာမပေးတဲ့ ကိစ္စရပ်ဟာ အမေရိကန် နိုင်ငံရေးမှာ စိမ်ခေါ်မှု ရှိနေတဲ့ အရေးကိစ္စ တစ်ခုလည်း ဖြစ်ပါတယ်။

Ref : UPI


  • VIA