News

POST TYPE

ALSO IN NEWS

ဒေါ်နယ်ထရမ့် မက္ကဆီကို နယ်စပ်မှာ တံတိုင်းကာရင် ဘိလပ်မြေသွင်းဖို့ ဂျာမန်ကုမ္ပဏီ ပြင်ဆင်
14-Nov-2016
ဒေါ်နယ်ထရမ့် တစ်ယောက် အံ့အားသင့်ဖွယ် ရွေးကောက်ပွဲ အနိုင် ရသွားတဲ့အခါ ရင်းနှီးမြှုပ်နှံသူတွေဟာ ထရမ့်ကြီး တည်ဆောက်ချင်တဲ့ အခြေခံ အဆောက်အဦတွေမှာ ဝင်ရောက်ပါဝင်ဖို့ ပြင်ဆင်နေကြပါပြီ။

ဂျာမန် ဘိလပ်မြေ ကုမ္ပဏီ တစ်ခုက ဒေါ်နယ်ကြီး လုပ်မယ်လို့ လူပြောများနေတဲ့  နယ်စပ် တံတိုင်းကြီးမှာ ဝင်ရောက် ရင်းနှီးမြှုပ်နှံဖို့အတွက် ပြင်ဆင်နေပါသတဲ့။

ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့် အနိုင်ရပြီး စတော့ ဈေးကွက်မှာ လှုပ်လှုပ်ခတ်ခတ် ဖြစ်ခဲ့ပေမယ့် ခုတော့ ပြန်လည် ကောင်းမွန်ကာ ပုံမှန် ဖြစ်နေပါပြီ။

ပြီးခဲ့တဲ့ အင်္ဂါနေ့က ဂျာမနီ ကွန်ကရစ် ဘိလပ်မြေ ထုတ်လုပ်တဲ့ ကုမ္ပဏီ Heidelberg Cement အုပ်စုက ဘိလပ်မြေသွင်းဖို့ ပြင်ဆင်နေတယ်လို့ ဆိုထားပါတယ်။

အဆိုပါ စီးပွားရေး အစုအဖွဲ့ရဲ့ အမှုဆောင် ဘရန်းရှဖီလီက သူတို့ကုမ္ပဏီရဲ့ အမေရိကန် ပြည်ထောင်စုရှိ ရင်းနှီး မြှုပ်နှံမှုတွေကြောင့် အကျိုးအမြတ် ထွက်နိုင်ဖို့ မျှော်လင့်လျက် ရှိပါတယ်။ ဒေါ်နယ်ထရမ့်ဟာ မက္ကဆီကို နယ်စပ်နဲ့ အမေရိကန် ပြည်ထောင်စုကို တံတိုင်း အမြင့်ကြီး ကာပစ်မယ်လို့ ပြောခဲ့တာကြောင့် လူကြိုက် များခဲ့သလို လူမုန်းလည်း များခဲ့ပါတယ်။

“တံတိုင်းက ဆောက်ဖြစ်မလား၊ မဆောက်ဘူးလားတော့ မသိပါဘူး။ ဒါပေမဲ့ ဆောက်မယ်ဆိုရင်တော့ သစ်သားနဲ့ ဆောက်မယ်လို့တော့ မထင်ပါဘူး။ ကွန်ကရစ်နဲ့ပဲ ဆောက်မှာပါ။ ဒါကြောင့် တက္ကဆက်နဲ့ အရီဇိုးနားပြည်နယ်တို့မှာ စီးပွားရေး လုပ်လိုပါတယ်”လို့ အဆိုပါ ဘိလပ်မြေ လုပ်ငန်းရှင်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားပါတယ်။

ဒေါ်နယ်ထရမ့်ဟာ သမ္မတအဖြစ် အရွေး မခံရခင်က တွေ့ကရာ ပြောတတ်ပြီး ရွေးကောက် တင်မြှောက်ခံရပြီးတဲ့အခါ တည်တည်ကြည်ကြည် ဖြစ်လာတာကို တွေ့ရပါတယ်။

Ref : UPI


  • VIA