News

POST TYPE

ALSO IN NEWS

ရေကြီးနေတဲ့ အိန္ဒိယမှာ ကျားတစ်ကောင်က အိမ်ထဲဝင်လာပြီး အိပ်ရာပေါ် ဝင်အိပ်နေသတဲ့
20-Jul-2019

ရေဘေးသင့်နေတဲ့ အိန္ဒိယနိုင်ငံ အာသံပြည်နယ်မှာ ကျားမတစ်ကောင်ဟာ လူနေအိမ်တစ်အိမ်ထဲကို ခိုလှုံဝင်ရောက်လာခဲ့ပြီး အိပ်ရာပေါ်မှာ လာနားနေတယ်လို့ သတင်းများက ဖော်ပြထားပါတယ်။

အာသံပြည်နယ် ကာဇီရန်ဂါ အမျိုးသားဥယျာဉ်မှာ ရေလွှမ်းမိုးတာကြောင့် တိရစ္ဆာန် ၉၂ ကောင် သေဆုံးသွားခဲ့ပါတယ်။

အိမ်ထဲရောက်လာတဲ့ ကျားမလေးဟာ ကာဇီရန်ဂါ အမျိုးသားဥယျာဉ်ရေကြီးလို့ ထွက်ပြေးလာခြင်းဖြစ်မယ်လို့ အများက ယူဆကြပါတယ်။

သစ်တောဌာနက အရာရှိတွေ ရောက်လာကြပြီးတော့ ကျားမ အေးအေးဆေးဆေး ပြန်ထွက်သွားလို့ရမယ့် လမ်းကြောင်း ဖော်ဆောင်ပေးလိုက်တာဖြစ်ပါတယ်။

သားရိုင်းဌာနအရာရှိတွေက အဆိုပါ ကျားတောအုပ်ထဲကို ပြန်ရောက်သွားနိုင်ဖို့ သေချာလမ်းပြပေးလိုက်တယ်လို့ သတင်းများက ဆိုပါတယ်။ ကြိုးဝိုင်းရေကြီးလို့ ထွက်ပြေးလာတဲ့ကျားမဟာ လူနေရပ်ကွက်ကြီးကိုတွေ့တဲ့အခါ ထိတ်လန့်ပြီး အိမ်တစ်အိမ်က အိပ်ရာထဲ ဝင်နေတာဖြစ်မယ်လို့ ယူဆရပါတယ်။

F-02