News

POST TYPE

ALSO IN NEWS

လွှင့်ပစ်ထားတဲ့စာအုပ်တွေကို စုစည်းပြီး တူရကီမှာ စာကြည့်တိုက်ဖန်တီး
18-Jul-2019

ပြီးခဲ့တဲ့လအနည်းငယ်လောက်က တူရကီက သန့်ရှင်းရေးဝန်ထမ်းများဟာ အမှိုက်ထဲကရတဲ့ စာအုပ်တွေကိုစုစည်းပြီး စာကြည့်တိုက် လုပ်လိုက်ပါသတဲ့။ အန်ကာရာမြို့အနှံ့က အမှိုက်ပုံတွေထဲမှာ တွေ့ရှိရသမျှ စာအုပ်တွေကို သန့်ရှင်းရေးဝန်ထမ်းတွေက စုစည်းထားတာဖြစ်ပါတယ်။ စည်ပင်သန့်ရှင်းရေး ဝန်ထမ်းတွေက စာအုပ်ပေါင်း ၆ ထောင်လောက် ရရှိသွားတော့ စာကြည့်တိုက်ထောင်လိုက်တာဖြစ်ပါတယ်။ စည်ပင်ဝန်ထမ်းတွေက ယင်းသို့ စာအုပ်တွေ စုစည်းနေတာကို ကြားတဲ့အခါ ရပ်ရွာနေပြည်သူတွေကလည်း စာအုပ်တွေ ဝိုင်းပြီးလှူကြပါတယ်။ စာကြည့်တိုက်ကို အန်ကာရာမြို့တော်စည်ပင် ရေနဲ့သန့်ရှင်းမှုဌာနပိုင် အဆောက်အအုံတစ်ခုတည်းမှာ ဖွင့်လှစ်ထားပါတယ်။ လူတိုင်းရဲ့ အားပေးကူညီမှုနဲ့အတူ အမှိုက်ထဲက စာကြည့်တိုက် ပေါ်လာခဲ့တယ်လို့ မြို့တော်ဝန် တက်စ်ဒီလန်က ပြောကြားပါတယ်။

F-02