News

POST TYPE

ALSO IN NEWS

Instagram မှာ သမီးပုံစံအတိုင်း တသွေမတိမ်း လိုက်လုပ်တဲ့ ဖခင်ပုံတွေ လူကြည့်များ
13-Nov-2016
သမီးရယ် ဒီလိုပုံလေးတွေ ရိုက်ပြီး မတင်ပါနဲ့လို့ အဖေဖြစ်သူက အရွယ်ရောက် သမီးကို ပြောရခက်ပါတယ်။ ဒါနဲ့ ဘယ်လို လုပ်လဲဆိုတော့ ဖေဖေက သမီးဓာတ်ပုံတင်နေကျ ပုံစံတွေအတိုင်း တစ်သွေ မတိမ်း လိုက်လုပ်တော့မှ သမီးက ရှက်ပြီး အဖေရယ် တော်ပါတော့ဆိုပြီး ပြန်တားနေရပါပြီ။ 

ဗြိတိန်သား မစ္စတာ ခရစ်စ်ဘား မာတင်ဟာ သမီးရဲ့ ပုံတွေကိုကြည့်ပြီးတော့ လန့်သွားပြီး ဘယ်လို ဆုံးမရမှန်း မသိပါဘူး။ သူဟာ သမီးရဲ့ ပုံတွေကို လိုက်ကြည့်ပြီး အဲဒီလို စရိုက်ပြီးတင်တုန်းက သူ့ Instagram စာမျက်နှာမှာ followers က ၄၉ ယောက်ပဲ ရှိပါသေးတယ်။

ခုတော့ အသက် ၄၈ နှစ်အရွယ် အမျိုးသားကြီးရဲ့ ညှိ့အားပြင်းပုံတွေ ကြောင့် ကြည့်ရှူသူ follower ငါးသောင်းကျော် ရှိနေပါပြီ။

ဒီကိန်းဂဏန်းဟာ သမီးထက်ကို နှစ်ဆ များပါတယ်။ ကဲ ကိုယ့်သား သမီးကိုယ် ပြောလို့ မရရင် သူတို့လိုသာ လိုက်ကဲပါ။ သူတို့ ရှက်သွားပါလိမ့်မယ်။


  • VIA