News

POST TYPE

ALSO IN NEWS

Hot Pot အရသာနဲ့ ဖန်တီးထားတဲ့ ဘာဂါဆိုပဲ
16-Jul-2019


အနောက်တိုင်းအစားအစာ ဘာဂါနဲ့ အရှေ့တိုင်းသားတွေအကြိုက် Hot Pot ကိုပေါင်းပြီးတော့ Hot Pot ဘာဂါဆိုပြီး တီထွင်ရောင်းချနေတာ လူကြိုက်များလျက်ရှိပါတယ်။ တရုတ်နိုင်ငံ ချုံကင်းဒေသမှာ ဩစတြေးလျစားဖိုမှူးတစ်ဦးက ဘာဂါဆိုင်တစ်ဆိုင် ဖွင့်လိုက်ပြီးတော့ ဒေသအရသာ ပေးစွမ်းတဲ့ဘာဂါအဖြစ် ဖန်တီးထားတာဖြစ်ပါတယ်။ ဒေသခံပြည်သူတွေ နှစ်သက်အားပေးမှုကို လိုချင်တာကြောင့် အဆိုပါဘာဂါကို တီထွင်ဖန်တီးတာဖြစ်တယ်လို့ စားဖိုမှူး မစ္စတာပေါလ်က ပြောကြားပါတယ်။ ဟော့ပေါ့ အမဲသားဘာဂါထဲမှာဆိုရင် အမဲသားအပြင် ကြာစွယ်၊ နှမ်းဆီစတဲ့ ဒေသကြိုက်အရသာပစ္စည်းတွေ ထည့်သွင်း ပေးထားပါတယ်။ Hot Pot ချစ်သူများကတော့ ပြည်တွင်းအရသာ အနောက်တိုင်းအစားအစာကို သွားစားကြဖို့ ပြင်ဆင်နေတယ်လို့ လူမှုကွန်ရက်မီဒီယာပေါ်မှာ ရေးသားနေကြပါတယ်။ Hot Pot ဟာ တရုတ်ပြည်နဲ့ အာရှဒေသမှာ လူကြိုက်များတဲ့ အစားအစာဖြစ်ပြီးတော့ အလွန်ကောင်းမွန်တဲ့ စားသောက်ဆိုင်လုပ်ငန်းလည်း ဖြစ်ပါတယ်။ ချုံကင်း Hot Pot ကလည်း ကိုယ်ပိုင်ဟန်နဲ့ ထူးခြားပါတယ်။

F-02