News

POST TYPE

ALSO IN NEWS

ကမ္ဘာ့ခေါင်းဆောင်များကို ဒုက္ခသည်များသဖွယ် ပန်းချီနဲ့ဖော်ပြတဲ့ ဆီးရီးယားပန်းချီဆရာ
15-Jul-2019

ဒေါ်နယ်ထရမ့်ဟာ ကလေးကိုချီပြီး ဗြုတ်စဗျင်းတောင်း ပစ္စည်းများကိုသယ်ကာ ပြေးနေရတဲ့ပုံကို ပန်းချီလက်ရာအဖြစ် မြင်ရပါတယ်။ အိုဘားမား၊ ကင်ဂျုံအန်း၊ ပူတင်တို့ဟာ ဒုက္ခသည်များကိုဝေတဲ့ ထမင်းကိုတန်းစီပြီး စောင့်နေကြတဲ့ပုံလည်း ပါပါတယ်။ အိုမာရီလို့အမည်ရတဲ့ ဆီးရီးယားပန်းချီဆရာတစ်ဦးက အဆိုပါအနုပညာလက်ရာတွေကို ဖန်တီးလိုက်တာဖြစ်ပါတယ်။ မိုးရေထဲမှာ ဒုက္ခရောက်နေတဲ့ သမ္မတအာဆတ်ရဲ့ပုံလည်း ပါဝင်ပါတယ်။ ဒုက္ခသည်တွေ ကြုံနေရတဲ့ အခက်အခဲတွေကို အဆိုပါခေါင်းဆောင်ကြီးတွေကိုလည်း ခံစားသိရှိစေလိုတဲ့ ခံစားချက်နဲ့ ဖန်တီးထားပုံရပါတယ်။ ပဋိပက္ခတွေဟာ အဆိုပါခေါင်းဆောင်တွေရဲ့ ခံစားချက်ကြောင့် ပေါ်လာရပြီး အခံစားရဆုံးကတော့ အောက်ခြေပြည်သူတွေဖြစ်ပါတယ်။

F-02