News

POST TYPE

ALSO IN NEWS

ချက်သမ္မတနိုင်ငံမှာပြုလုပ်တဲ့ Bohemia ဂျက်ဇ်ဂီတပွဲတော်
13-Jul-2019


အရှေ့ဥရောပ ချက်သမ္မတနိုင်ငံမှာ Bohemia JazzFest 2019 အမည်နဲ့ ဂျက်ဇ်ဂီတပွဲတော် ပြုလုပ်လျက်ရှိပါတယ်။

ချက်နိုင်ငံနဲ့ ဥရောပတစ်ခွင်က ဂျက်ဇ်ဂီတနှစ်သက်သူတွေ ရောက်လာကြပြီး ပွဲကို ခံစားနားဆင်နေကြလျက်ရှိပါတယ်။

တနင်္လာနေ့ကတည်းက စတင်ခဲ့တဲ့ အဆိုပါဂီတပွဲတော်ဟာ ဥရောပမှာ ပြုလုပ်တဲ့ ဂီတပွဲတော်များထဲက အကြီးဆုံးတွေထဲမှာ ပါဝင်ပါတယ်။

ဇူလိုင်လ ၁၅ ရက်နေ့အထိ ပြုလုပ်မယ့်အဆိုပါပွဲတော်ကို ကမ္ဘာအနှံ့က ဂျက်ဇ်အနုပညာရှင် အတော်များများ ရောက်ရှိလာကြပါတယ်။

ပွဲတော်ကို မြို့တော်ပရိဝုဏ်တစ်ခုတည်းမှာ ပြုလုပ်တာမဟုတ်ဘဲ ပီလ်ဆန်နဲ့ ဘူရိုမြို့များမှာပါ လှည့်ပတ်ဖျော်ဖြေသွားတာဖြစ်ပါသတဲ့။

နာမည်ကျော် အမေရိကန် ဂစ်တာသမားကြီး ရာ့ဖ်တောင်နာလည်း လာရောက်ဖျော်ဖြေသွားခဲ့ပါတယ်။

F-02